ဖုန္းနဲ့စကားေျပာၾကည့္တဲ့အခါ မ်ိဳးၾကီးအေနနဲ့ အျပင္ကသူ့သတင္းေတြျပန္ၾကားရျပီး စိတ္မေကာင္းျဖစ္ေနေၾကာင္း ေျပာျပလာတဲ့ လင္းလင္း

အဆိုေတာ္မ်ိုးၾကီးကေတာ့ Covid – 19 ေရာဂါ ကူးစက္ခံရျပီး ေဝဘာဂီမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ မ်ိဳးၾကီးအတြက္ ပရိသတ္ေတြကလည္း စိုးရိမ္ေနၾကသလို အနုပညာရွင္ေတြအေနနဲ့လည္း စိတ္မေကာင္းျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။ လင္းလင္းကလည္း မ်ိဳးၾကီးဆီ သတင္းေမးရင္း မ်ိဳးၾကီးအေနနဲ့ အျပင္က သတင္းေတြျပန္ၾကားရျပီး စိတ္မေကာင္းျဖစ္ေနတာ ၾကားသိရတဲ့အေၾကာင္းကို အခုလိုပဲ ေျပာျပထားပါတယ္။

 

 

“ခင္လို႔ ရင္းႏွီးလို႔ ကြက္ေျပာတာမဟုတ္ပါဘူး။ ဒီလိုနာမည္တပ္ၿပီး သူမွတစ္ဆင့္၊ သူမွတစ္ဆင့္ လို႔ တိတိက်က်ေျပာတာက တစ္မ်ိဳးႀကီးဘဲ။ ကိုယ့္အသိနဲ႔ကိုယ္ Q ဝင္မယ့္သူေတြကိုလဲ တုံ႔ဆိုင္းရာမေရာက္ဘူးလား။ ဒီလိုနာမည္ပါမွာေၾကာက္ၿပီး ရပ္ကြက္ေဆးခန္းေတြနဲ႔ က်ိတ္ကုရင္ေတာ့ ခတ္ကုန္မွာဘဲ။ ႐ုံးစာလိုလို၊ အတြင္းစာလိုလို နဲ႔ အသြင္ယူထားတဲ့ စာေတြကလဲ မ်ိဳးစုံဆိုေတာ့ ဘာေတြမွန္းကို မသိေတာ့ဘူး။”

 

 

“လူစုလူေဝးပြဲမွတဆင့္လို႔ သုံးရင္သုံး။ ဒါမွမဟုတ္ စီစဥ္တဲ့လူနာမည္ အတိအက်နဲ႔ေျပာေပါ့။ လူအမ်ားႀကီးရွိတဲ့ေနရာမွာ သူ႔ဆီကဘဲ ကူးတာလား။ က်ေနာ္တို႔ စကားေျပာၾကည့္ေတာ့ သူလဲ စိတ္မေကာင္းရွာဘူး။ RoCk oN 🤘🏼 bro ခင္မ်ားဆိုမွျဖစ္မယ့္ rock သီခ်င္းတစ္ပုဒ္နဲ႔အတူေစာင့္ေနမယ္” ဆိုျပီး မ်ိဳးၾကီးအေၾကာင္းကို ေျပာထားပါတယ္။

 

 

မ်ိဳးၾကီးကေတာ့ သူကိုယ္တိုင္လည္း သူမ်ားဆီကေန ကူးစက္ခံရသူျဖစ္ျပီး အခုလို သတင္းစကားေတြၾကားသိရတဲ့အခါမွာ စိတ္မေကာင္းျဖစ္ေနတယ္လို့ သိရပါတယ္။ မ်ိဳးၾကီးတစ္ေယာက္ အျမန္ဆံုး က်န္းမာလာျပီး ခ်စ္ရတဲ့ ပရိသတ္ၾကီးေရွ့ေမွာက္ ျပန္လည္ေရာက္ရိွလာပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

 

 

Source: Htwe Lynn Ko’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဖုန်းနဲ့စကားပြောကြည့်တဲ့အခါ မျိုးကြီးအနေနဲ့ အပြင်ကသူ့သတင်းတွေပြန်ကြားရပြီး စိတ်မကောင်းဖြစ်နေကြောင်း ပြောပြလာတဲ့ လင်းလင်း

အဆိုတော်မျိုးကြီးကတော့ Covid – 19 ရောဂါ ကူးစက်ခံရပြီး ဝေဘာဂီမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ မျိုးကြီးအတွက် ပရိသတ်တွေကလည်း စိုးရိမ်နေကြသလို အနုပညာရှင်တွေအနေနဲ့လည်း စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ လင်းလင်းကလည်း မျိုးကြီးဆီ သတင်းမေးရင်း မျိုးကြီးအနေနဲ့ အပြင်က သတင်းတွေပြန်ကြားရပြီး စိတ်မကောင်းဖြစ်နေတာ ကြားသိရတဲ့အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။

“ခင်လို့ ရင်းနှီးလို့ ကွက်ပြောတာမဟုတ်ပါဘူး။ ဒီလိုနာမည်တပ်ပြီး သူမှတစ်ဆင့်၊ သူမှတစ်ဆင့် လို့ တိတိကျကျပြောတာက တစ်မျိုးကြီးဘဲ။ ကိုယ့်အသိနဲ့ကိုယ် Q ဝင်မယ့်သူတွေကိုလဲ တုံ့ဆိုင်းရာမရောက်ဘူးလား။ ဒီလိုနာမည်ပါမှာကြောက်ပြီး ရပ်ကွက်ဆေးခန်းတွေနဲ့ ကျိတ်ကုရင်တော့ ခတ်ကုန်မှာဘဲ။ ရုံးစာလိုလို၊ အတွင်းစာလိုလို နဲ့ အသွင်ယူထားတဲ့ စာတွေကလဲ မျိုးစုံဆိုတော့ ဘာတွေမှန်းကို မသိတော့ဘူး။”

“လူစုလူဝေးပွဲမှတဆင့်လို့ သုံးရင်သုံး။ ဒါမှမဟုတ် စီစဉ်တဲ့လူနာမည် အတိအကျနဲ့ပြောပေါ့။ လူအများကြီးရှိတဲ့နေရာမှာ သူ့ဆီကဘဲ ကူးတာလား။ ကျနော်တို့ စကားပြောကြည့်တော့ သူလဲ စိတ်မကောင်းရှာဘူး။ RoCk oN 🤘🏼 bro ခင်များဆိုမှဖြစ်မယ့် rock သီချင်းတစ်ပုဒ်နဲ့အတူစောင့်နေမယ်” ဆိုပြီး မျိုးကြီးအကြောင်းကို ပြောထားပါတယ်။

မျိုးကြီးကတော့ သူကိုယ်တိုင်လည်း သူများဆီကနေ ကူးစက်ခံရသူဖြစ်ပြီး အခုလို သတင်းစကားတွေကြားသိရတဲ့အခါမှာ စိတ်မကောင်းဖြစ်နေတယ်လို့ သိရပါတယ်။ မျိုးကြီးတစ်ယောက် အမြန်ဆုံး ကျန်းမာလာပြီး ချစ်ရတဲ့ ပရိသတ်ကြီးရှေ့မှောက် ပြန်လည်ရောက်ရှိလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htwe Lynn Ko’s fb
Bilie – Cele Connections

error: Alert: Content is protected !!