

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ပရိသတ်တွေ မမြင်ဖူးသေးတဲ့ အမိုက်စားပုံစံနဲ့ မြင်ရမယ့် နက်ရှိုင်းကိုရဲ့ အမိုက်စား ဗီဒီယိုဖိုင်လေး”

“နွေလယ်ညရဲ့ လမင်း” ရုံသံဇာတ်လမ်းတွဲထဲက အောင်အောင်ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ မင်းသားချော နက်ရှိုင်းကို ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်…။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ နက်ရှိုင်းကို ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း လက်ခံရိုက်ကူးနေပြီး ဗိုင်းရပ်စ်ပိုးကြောင့် အခက်အခဲကြုံနေရတဲ့ အခြေခံလူတန်းစားတွေအတွက်ကိုလည်း သူတတ်နိုင်သလောက်လေး လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့သူပါ.။

 

 

နက်ရှိုင်းကတော့ သူ့ကို အားပေးတဲ့ ပရိသတ်တွေအတွက် အပျော်သဘောနဲ့ Tik Tok ဗီဒီယိုလေး တွေရိုက်ကာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ…။ ဧပြီလ (၁၅)ရက်နေ့မှာတော့ နက်ရှိုင်းကိုက သူဆော့ထားတဲ့ Tik Tok ဗီဒီယို လေးတွေကို “Tik Tok လေးတွေ တင်ပေး ပါ ဆိုလို့ …အိမ်မှာနေရင်း ပျင်းနေမယ့်အစား ရင်ခုန်သံတွေ မြန်အောင် ဖွင့်ကြည့်လိုက်တော့.။ AgAg”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

တစ်ခါမှ မမြင်ဖူးသေးတဲ့ ကိုရီးယားစတိုင် ပုံစံလေးနဲ့ အမိုက်စားဆော့ထားတဲ့ နက်ရှိုင်းကိုရဲ့ Tik Tok ဗီဒီယိုလေးတွေကတော့ မိမိုက်နေလွန်းပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ကိုရီးယားမင်းသားလေးလို မိမိုက်နေတဲ့ နက်ရှိုင်းကိုရဲ့ Tik Tok ဗီဒီယိုအသစ်လေးတွေကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း နက်ရှိုင်းကို ကို အားပေးရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ကြပါဦးနော်..။
Source: Nattshine Ko’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!