

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေလုပ်ပေးထားတဲ့ သူမရဲ့ အခွီပုံရိပ်တွေကြောင့် သဘောကျမဆုံးဖြစ်နေတဲ့ နန်းစန္ဒာလှထွန်း

နန်းနန်းလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးလေး နန်းစန္ဒာလှထွန်းက MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ခဲ့သူလေး ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲကနေစတင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး ဇာတ်လမ်းတွဲတွေ တောက်လျှောက် ရိုက်ကူးလာရတာ ဖြစ်ပါတယ်။ “အရိပ်”၊ “ကျွန်တော်အမုန်းဆုံးကျွန်တော်”၊ “ဝင်္ကပါရှင်းတမ်း” စတဲ့ဇာတ်လမ်းတွဲတွေကလည်း သူမကို ပိုပြီး အောင်မြင်လာစေတာပဲ ဖြစ်ပါတယ်။

သင်္ကြန် အိမ်ထဲကနေ အိမ်ပြင်မထွက်ရတဲ့ နန်းစန္ဒာလှထွန်းက ဒီနေ့မှာတော့ သူမရဲ့ ချစ်ပရိသတ်တွေ လုပ်ပေးထားတဲ့ ရုပ်ပြောင်ပုံလေးတွေကြောင့် သဘောကျနေပါတယ်။ နန်းစန္ဒာလှထွန်းက “Nannies တွေလုပ်ထားတဲ့ ကိုယ့်ရဲ့ သင်္ကြန် 💦💦… ရေဆော့ရတယ်လေ 😂😂😂 ဖမ်းအုံးသူ့ကို” ဆိုပြီး သူမရဲ့ အခွီပုံရိပ်တွေကို မျှဝေပေးထားပါတယ်။

နန်းစန္ဒာလှထွန်းရဲ့ ပရိသတ်တွေကတော့ တကယ့်ကို ကြံကြံဖန်ဖန် လုပ်တတ်တာပဲနော်။ ပရိသတ်ကြီးလည်း နန်းစန္ဒာလှထွန်းရဲ့ ပျော်စရာ သင်္ကြန်ပုံရိပ်တွေကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။

Source: Nan Sandar Hla Htun’s fb
Bilie – Cele Connections

error: Alert: Content is protected !!