

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

နံ့သာငါးမျိုးရေ၊ တရော်ကင်ပွန်း၊ သပြေခက်တို့နဲ့ ခေါင်းဆေးမင်္ဂလာပြုခဲ့တယ်ဆိုတဲ့ စံရတီမိုးမြင့်

မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ကြည်လင်တဲ့အသားအရည်လေးနဲ့ အပြစ်ပြောစရာမရှိအောင် လှသူလေးတစ်ယောက်မို့ အားလုံးကကြိုက်နှစ်သက် အားပေးရသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က လူငယ်ပီပီ အလှအပ၊ အပျော်အပါး ကြိုက်သူလေးတစ်ယောက်ဖြစ်သလို ဘာသာရေးလည်း တော်တော်လေး လိုက်စားသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ သင်္ကြန်အတက်နေ့ နောက်ဆုံးနေ့လေးမှာတော့ စံရတီမိုးမြင့်က ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ စံရတီမိုးမြင့်က ” မြတ်စွာဘုရားကိုရောင်တော်ဖွင့်ပြီး နံ့သာငါးမျိုးရေ၊ တရော်ကင်ပွန်း၊ သပြေခက်နဲ့ မိသားစု သင်္ကြန် ကျတယ်။ ခေါင်းဆေးမင်္ဂလာပြုတယ်။” ဆိုပြီး ပြောပြထားပါတယ်။

စံရတီမိုးမြင့်ကတော့ သင်္ကြန်နောက်ဆုံးရက်လေးကို မင်္ဂလာရှိရှိနဲ့ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်လိုပဲ ပရိသတ်ကြီးရော သင်္ကြန်အတက်နေ့လေးမှာ ဘာကုသိုလ်တွေ ယူခဲ့လဲ ပြောပြခဲ့ကြပါဦးနော်။

Source: San Yati Moe Myint’s fb
Bilie – Cele Connections

error: Alert: Content is protected !!