

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ဇနီးဖြစ်သူအတွက် ကိုယ်တိုင် မုန့်လက်ကောက် ကြော်ကျွေးနေတဲ့ ခင်လှိုင်ရဲ့ ဗီဒီယိုဖိုင်လေး”

ကျရာဇာတ်ရုပ်အလိုက် ကာရိုက်တာတိုင်းကို ပီပြင်အောင ်သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ဒါရိုက်တာ ခင်လှိုင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ခင်လှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ဟာသ၊ အကြမ်း၊ အလွမ်း ပေါင်းစုံနဲ့ သိမ်းပိုက်ထားပြီး အခုဆိုရင် ရိုက်ချက်တွေကောင်းတဲ့ ဒါရိုက်တာတစ်ယောက်လည်း ဖြစ်ပါသေးတယ်..။ ခင်လှိုင်က သူ့ရဲ့မိသားစုနဲ့အတူ အမြဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။

ဒီနေ့ ဧပြီလ (၁၆)ရက်နေ့မှာတော့ ခင်လှိုင်က ချစ်ရတဲ့ ဇနီးအတွက် အိမ်မှာပဲ မုန့်လက်ကောက် ကိုယ်တိုင် လုပ်ကျွေးနေတဲ့ ဗီဒီယိုဖိုင်လေးကို “ဒီလိုအချိန်မျိုးမှာ..မငွေသိမ်းက ..စိန်လက်ကောက်တွေ..၊ ရွှေလက်ကောက်တွေ ..ပူဆာလို့မရတော့ …။ ကိုကိုရယ်.. မုန့်လက်ကောက်တဲ့..။ ကဲဘယ်မှ သွားဝယ်လို့မရတော့လဲ???ငယ်ငယ်က အမေသင်ပေးခဲ့သော ပညာကုန်ထုတ်…ကိုကို မုန့်လုပ်ပြီဗျာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ချစ်ဇနီးပူဆာတဲ့ မုန့်လက်ကောက်ကို အမေသင်ပေးခဲ့တဲ့ ပညာနဲ့ ကိုယ်တိုင် လုပ်ကျွေးနေတဲ့ ခင်လှိုင်ကတော့ တကယ့်ကို ချစ်တတ်လွန်းပြီး ဘက်စုံတော်လွန်းနေတော့တာပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း အားကျရအောင် ခင်လှိုင်ရဲ့ မုန့်လက်ကောက်ကို ကိုယ်တိုင်လုပ်ကျွေးနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်နော်..။
Source: Khin Hlaing’s Facebook

Sakura(Cele Connecitons)

error: Alert: Content is protected !!