

 

 

 

 


 

 


 

 

ယူနီကုတ်ဖြင့်ဖတ်ရန်

” ကျွန်မကမဟေသီ ” ဇာတ်လမ်းတွဲမှာမြင်ခဲ့ရတဲ့ ကာရိုက်တာနဲ့ မတူတဲ့ ဇာတ်ကောင်နဲ့ပြန်လည်ထွက်ပေါ်လာတဲ့ သံသာမိုးသိမ့် ”

CeleConnectionsပရိသတ်ကြီးရေ သံသာမိုးသိမ့်ကတော့ MRTV-4 က ထုတ်လွှင့်ခဲ့တဲ့ ” ကျွန်မကမဟေသီ ” ဇာတ်လမ်းတွဲတစ်ခုမှာ မိန်းမချောဆိုတဲ့ ဗီလိန်ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲကို ရောက်ရှိခဲ့တဲ့ မင်းသမီးတစ်လက်ပါ။ သရုပ်ဆောင်ပိုင်းမှာလည်း တပ်သစ်စဖြစ်ပေမယ့်အပြစ်ပြောကွက်မရှိအောင် သရုပ်ဆောင်နိုင်တဲ့မင်းသမီးလေးကတော့ အဆိုပိုင်းမှာလည်း ကျွမ်းကျင်တဲ့မင်းသမီးလေးပါပဲနော်။

ဇာတ်လမ်းတွဲတွေမှာ ပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့သူမကတော့ လက်ရှိမှာ ” အချစ်ဖွဲ့ဘေညင်း”ဆိုတဲ့ ဇာတ်လမ်းတွဲမှာ သူမပါဝင်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ဇာတ်လမ်းတွဲတွေကို မျှော်လင့်စောင့်စားနေတဲ့ပရိသတ်တွေအတွက်ကတော့ သတင်းကောင်းပါပဲနော်။

မနေ့ကMRTV4မှာစတင်ပြသခဲ့တဲ့ “အချစ်ဖွဲ့လေညင်း”ဇာတ်လမ်းတွဲမှာ သံသာမိုးသိမ့်ကတော့ ပိန်ပိန်ပါးပါးနှင့် ချစ်စဖွယ်မျက်နှာအနေအထားရှိသူ ၊ အယုံလွယ်တတ်သူ ၊ စကားပြောသွက်လက်သူ”မေပျိုဖြူ”ဆိုတဲ့ဇာတ်ကောင်နဲ့ပါဝင်ထားတာပါ။”မေပျိုဖြူရဲ့… ဗရမ်းပတာ စွာစိလန် လှတပတ ချစ်စရာ သနားစရာ စသည့် စသည် Acting မျိုးစုံတို့ကို မကြာမှီချိန်တွင်းကြည့်ရပါတော့မယ်ရှင့် ” ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း မေပျိုဖြူလေးကို အားပေးဖြစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : ThanTharMoeTheint
Candy -CeleConnections

error: Alert: Content is protected !!