

 

 


 

 


 

 

Source: Melody Myo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကလေးဘဝကတည်းကချစ်ရတဲ့ နန္ဒာလှိုင်ဆီက အပြုအမူလေးတစ်ခုကြောင့် ဘာမှန်းမသိ ပျော်နေတယ်ဆိုတဲ့ မယ်လိုဒီ

သရုပ်ဆောင် မယ်လိုဒီကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားပေမယ့် အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေကို ပြန်လည်ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ကလေးလေးလို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့မယ်လိုဒီက ဒီနေ့မှာတော့ သူမ ငယ်စဉ်ကတည်းက အားပေးချစ်ခင်ရတဲ့ မင်းသမီးချော နန္ဒာလှိုင်ဆီက အပြုအမူလေးတစ်ခုကြောင့် ဝမ်းသာမဆုံးဖြစ်နေရတာကို အခုလိုပဲ ပြောပြထားပါတယ်။

“ကလေးဘဝကတည်းကချစ်ရတဲ့မင်းသမီးကဖုန်းဆက်လာတာ ရုတ်တရက်ကြောင်သွားတယ်။ တကယ်တော့ ကိုယ်ကမနေ့က ဆက်ထားတာ။ ဒီနေ့ ပြန်ဆက်လာတော့ ဘာမှန်းမသိပျော်နေမိတယ်။ အဝေးကြီးကနေကြည့်ရင်တောင် အသားလေးဝင်းဝါပြီး ဇင်ယော်တောင်မျက်ခုံးလေးနဲ့သိပ်လှတဲ့မင်းသမီး။ အမလေး ကြည်နူးတာ🥰” ဆိုပြီး နန္ဒာလှိုင်ကို အားပေးသူ ပရိသတ်ပီပီ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ ငယ်စဉ်ကတည်းက တော်တော်ကြီးလှတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ အားကျရတဲ့ မင်းသမီးလေး ဖြစ်ပါတယ်။ မယ်လိုဒီကတော့ သူမချစ်ရတဲ့ မင်းသမီး နန္ဒာလှိုင်နဲ့ ဖုန်းလေးပြောရတာတောင် အရမ်းပျော်နေတော့ ဘယ်လောက်တောင်ချစ်လဲ သိသာပါတယ်နော်။

Source: Melody Myo’s fb
Bilie – Cele Connections

error: Alert: Content is protected !!