ယူနီကုတ်ဖြင့်ဖတ်ရန်
” We love Yangon အဖွဲ့သားများသို့ PPE ဝတ်စုံ ၅၀ ထပ်မံလှူဒါန်းလိုက်တဲ့ စမိုင်းလ်တို့မိသားစု ”
CeleConnections ပရိသတ်ကြီးရေစမိုင်းလ်ကတော့ အမြဲ ဘာသာရေးလိုက်စားပြီး အလှူအတန်းတွေမကြာခဏဆိုသလိုပြုလုပ်တတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ အိမ်ထောင်ရေးကတော့ အမြဲ စိတ်ချမ်းသာရပြီး အလိုလိုက် သည်းသည်းလှုပ်ချစ်ပေးတဲ့ ခင်ပွန်းကိုရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သမီးတွေနဲ့အပြိုင်နုပျိုနေတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူးနော်။
စမိုင်းလ်ကတော့ လက်ရှိမှာ ဖြစ်ပွားလျက်ရှိတဲ့ Covid 19 နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် တွေကိုအင်တိုက်အားတိုက်ရှေ့ဆုံးကနေ တိုက်နှိုးဆော်လျက်ရှိတဲ့သူတစ်ယောက်ပါပဲနော်။အလှူအတန်းတွေနဲ့ ပရဟိတတွေကို ထိပ်ဆုံးက လုပ်ကိုင်လျက်ရှိတဲ့ အနုပညာရှင်တစ်လက်ပဲ ဖြစ်ပါတယ်။သူမကိုယ်တိုင်လဲ Covid 19 နဲ့ပတ်သက်ပြီး အလှူတွေဆက်တိုက် လှူဒါန်းနေသူလည်းဖြစ်ပါတယ်။
ဘုရားတရားကိုအခုချိန်မှာ အင်တိုက်အားတိုက်လုပ်နေတဲ့ စမိုင်းလ်ကတော့ ဒီနေ့မှာလည်း ” We love Yangon အဖွဲ့သားများသို့ PPE ဝတ်စုံ ၅၀ ထပ်မံလှူဒါန်းခဲ့တယ်။Good Luck Myanmar
” ဆိုတဲ့ စာလေးနဲ့ သူမရဲ့လသမှုကွန်ရက်စာမျက်နှာ မှာဝေမျှလာတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း မွန်မြတ်လှတဲ့ စမိုင်းလ်တို့အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။
Source : Smile -စမိုင်းလ်
Candy -CeleConnections
error: Alert: Content is protected !!