

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

Stay Home ကာလ အိမ်မှာနေပြီး အစားအသောက်တွေတစ်မျိုးပြီးတစ်မျိုးစားပါဆိုတဲ့ ထက်ထက်မိုးဦးရဲ့ ချစ်စဖွယ်ဗီဒီယိုလေး

တစ်ချိန်က တီဗီဖန်သားပြင်က ကြော်ငြာတိုင်းလိုလိုမှာ သရုပ်ဆောင်ခဲ့တဲ့ ကြော်ငြာမင်းသမီးလေး ထက်ထက်မိုးဦးကို လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်အားပေးကြမယ် ထင်ပါတယ်။ ထက်ထက်မိုးဦးက အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ တစ်ကိုယ်လုံးနီးပါးကို ခွဲစိတ်မှုတွေ ပြုလုပ်ထားရပေမယ့် ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးက လက်ရှိမှာတော့ သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ မိုးကုတ်ကို ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး မိသားစုနဲ့အတူတူ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက သူမရဲ့ ပရိသတ်တွေကို အိမ်ထဲကမထွက်ပဲ အိမ်မှာနေပြီး တစ်မျိုးပြီးတစ်မျိုးစားကာ ကျန်းမာအောင်နေသင့်ကြောင်း Stay at home & eat every time ဆိုပြီး Tik Tok ဗီဒီယိုလေးကို မျှဝေပေးထားပါတယ်။

ထက်ထက်မိုးဦးကတော့ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ထက်ထက်မိုးဦးပြောသလို အိမ်မှာနေပြီး အားရှိမယ့် အစားအစာတွေ စားပြီး Stay Home ကာလလေးကို ကျော်ဖြတ်ရအောင်နော်။

Source: Htet Htet Moe Oo ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!