ယူနီကုဒ်ဖြင့်ဖတ်ရန်
Covid – 19 ရောဂါကူးစက်ခံနေရတယ်ဆိုတဲ့ သတင်းနဲ့ပက်သတ်ပြီး ကိုယ်တိုင် ဖြေရှင်းလာတဲ့ သီရိရှင်းသန့်
လက်ရှိ တကမ္ဘာလုံး ခံစားနေရတဲ့ Covid – 19 ရောဂါကတော့ မြန်မာနိုင်ငံအတွင်းမှာတင် ပျံ့နှံ့ဖြစ်ပွားနေတာ အခုဆိုရင် အယောက်ပေါင်း (၇၀) ကျော်ရှိပြီ ဖြစ်ပါတယ်။ သရုပ်ဆောင်နဲ့ မော်ဒယ် သီရိရှင်းသန့်တို့ ညီအစ်မကလည်း Covid – 19 ရောဂါ ကူးစက်ခံနေရပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ကာယကံရှင်ဖြစ်တဲ့ သီရိရှင်းသန့်ကတော့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ ရှင်းပြထားပါတယ်။
“သီရိ ကိုယ့်သဘောနဲ့ကိုယ် Covid 19 စစ်ဆေးမှုခံယူထားပါတယ် … ဒီနေ့ညအဖြေ သိရမှာပါ။ ခုလက်ရှိနေကောင်းကျန်းမာနေတဲ့တွက် အားလုံးစိတ်မပူကြပါနဲ့။ Facebook မှာတက်နေတဲ့ ဘာသတင်းမှ မယုံကြပါနဲ့။ သီရိ နဲ့ ညီမတွေ positive ဖြစ်နေပြီ ဆိုတဲ့သတင်း လုံးဝ လုံးဝ မဟုတ်ပါဘူး။ သူတို့နဲ့ထိတွေ့မှုမရှိသလို အတူတူလဲမနေပါဘူး။ အားလုံးနေကောင်းကျန်းမာလျက်ပါ။ စိတ်ပူပေးကြတဲ့ အယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။ Result သိရရင် သီရိကိုယ်တိုင် ဒီအကောင့်မှာ တင်ပေးမှာပါရှင့်။ ကျေးဇူးတင်ပါတယ်။ အားလုံး ဂရုစိုက်ကြပါနော်။” ဆိုပြီး ရှင်းထားပါတယ်။
အဆိုတော် မျိုးကြီးကတော့ Covid – 19 ရောဂါကူးစက်ခံနေရပြီး အခြားသော အနုပညာရှင်များဖြစ်တဲ့ J Me၊ သီရိရှင်းသန့်၊ နီတာ စသူတွေကလည်း စောင့်ကြပ်ကြည့်ရှုခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ အနုပညာရှင်များနဲ့တကွ အားလုံးသော လူနာတွေ အမြန်ဆုံးသက်သာကြပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်။
Source: Thiri Shinn Thant’s fb
Bilie – Cele Connections
error: Alert: Content is protected !!