” Covid 19ကူးစပ္ ေရာဂါၾကာင့္ quarantines ဝင္ေနရတယ္ဆိုတဲ့သတင္းနဲ႕ပတ္သက္ၿပီး အျပည့္အစံု ေျဖရွင္းလိုက္တဲ့ ေအာင္မင္းခန္႕ “

CeleConnections ပရိသတ္ႀကီးေရ ေအာင္မင္းခန႔္ကေတာ့ MRTV –(4) ဇာတ္လမ္းတြဲေတြေတြျဖစ္တဲ့ ” မေန႔ကျဖစ္သည္ (၂)” ၊ဝိဉာဥ္ရႈိက္သံ ၊ ရတနာထဲကရတနာ၊ဝကၤပါစံအိမ္၊ “ပၪၥလက္႐ြာ “စတဲ့ ဇာတ္လမ္းတြဲ ေတြ အမ်ားႀကီးမွာ ပါဝင္ထားၿပီး “ပၪၥလက္႐ြာ “ဇာတ္လမ္းတြဲမွာ ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့တာပဲ ျဖစ္ပါတယ္။ ႐ိုးစစ္ဆိုတဲ့ကာ႐ိုက္တာနဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ကို သိမ္းပိုက္ခဲ့တာပဲ ျဖစ္ပါတယ္။

 

ဇာတ္လမ္းတြဲပရိသတ္ေတြ တခဲနက္အားေပးခဲ့ၾကတဲ့ “ ထာဝရမႏၲေလး ” ဇာတ္လမ္းတြဲမွလည္း အဓိကဇာတ္ေကာင္အျဖစ္စတင္ပါဝင္ခဲ့ကာ ပရိသတ္ေတြ စတင္သတိထားမိလာခဲ့တာလို႔ ဆိုရမွာပါ။ မ်က္လုံးမွာ အလြမ္းႏႈတ္ခမ္းမွာ မာန ဇာတ္ကားမွာေတာ့ ေအာင္မွန္းဆို တဲ့ ဇာတ္ေကာင္ ေနရာကေန ပါဝင္ခဲ့တာျဖစ္ၿပီး ေယာက်ာ္းပီသတဲ့ေဘာ္ဒီ ဆြဲေဆာင္မႈရွိတဲ့အၿပဳံး ေတြေၾကာင့္ မိန္းကေလးပရိသတ္ေတြ အမ်ားႀကီး ပိုင္ဆိုင္ထားတဲ့ မင္းသားေခ်ာတစ္လက္ပဲ ျဖစ္ပါတယ္။

 

 

ဒါ့အျပင္လက္ရွိမွာျဖစ္ပြားေနတဲ့ Covid 19 ပတ္သက္ၿပီး ထိပ္ဆုံးကေန ေဆာင္ရန္ေရွာင္ရန္အျပင္ တက်မွန္ကန္တဲ့သတင္းေတြကိုေဝမွ်လ်က္ရွိတဲ့ အႏုပညာရွင္တစ္ဦးပါ။ယခုဆိုရင္Covid19 ျဖစ္ပြားတဲ့သူ စုစုေပါင္း (၇၄)ေယာက္ထိရွိလာတာပဲ ျဖစ္ပါတယ္။ဒီေန႔မွာေတာ့ ” က်ေနာ္ ကို quarantines ဝင္ေနတယ္ဆိုပီးမနက္ကတည္းက စိတ္ပူပီး ဖုန္းဆက္ေမးၾကတဲ့အတြက္ေက်းဇူးတင္ပါတယ္ က်ေနာ္ ဘာမွမျဖစ္ပါဘူးဗ်ာ စိတ္မပူၾကပါနဲ႔ေနာ္ကမာၻေပၚက လူသားအေပါင္း မည္သည့္ကိစၥနဲ႔မွ ပူပန္ျခင္းအလွ်င္းမရွိပါေစနဲ႔ ” ဆိုတဲ့ ေျဖရွင္းခ်က္ေလး ေဖာ္ျပလာတာပါ။
CeleConnectons ပရိသတ္ႀကီးလည္ ေအာင္မင္းခန႔္အတြက္ စိုးရိမ္မႈေတြေပ်ာက္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္.

 

 

Source : Aung Min Khant
Candy –Cele Connections
ယူနီကုတ္ျဖင့္ဖတ္ရန္

” Covid 19ကူးစပ် ရောဂါကြာင့် quarantines ဝင်နေရတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးအပြည့်အစုံ ဖြေရှင်းလိုက်တဲ့ အောင်မင်းခန့် ”

CeleConnections ပရိသတ်ကြီးရေ အောင်မင်းခန့်ကတော့ MRTV –(4) ဇာတ်လမ်းတွဲတွေတွေဖြစ်တဲ့ ” မနေ့ကဖြစ်သည် (၂)” ၊ဝိဉာဉ်ရှိုက်သံ ၊ ရတနာထဲကရတနာ၊ဝင်္ကပါစံအိမ်၊ “ပဉ္စလက်ရွာ “စတဲ့ ဇာတ်လမ်းတွဲ တွေ အများကြီးမှာ ပါဝင်ထားပြီး “ပဉ္စလက်ရွာ “ဇာတ်လမ်းတွဲမှာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ရိုးစစ်ဆိုတဲ့ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတဲ့ “ ထာဝရမန္တလေး ” ဇာတ်လမ်းတွဲမှလည်း အဓိကဇာတ်ကောင်အဖြစ်စတင်ပါဝင်ခဲ့ကာ ပရိသတ်တွေ စတင်သတိထားမိလာခဲ့တာလို့ ဆိုရမှာပါ။ မျက်လုံးမှာ အလွမ်းနှုတ်ခမ်းမှာ မာန ဇာတ်ကားမှာတော့ အောင်မှန်းဆို တဲ့ ဇာတ်ကောင် နေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး ယောကျာ်းပီသတဲ့ဘော်ဒီ ဆွဲဆောင်မှုရှိတဲ့အပြုံး တွေကြောင့် မိန်းကလေးပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်လက်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင်လက်ရှိမှာဖြစ်ပွားနေတဲ့ Covid 19 ပတ်သက်ပြီး ထိပ်ဆုံးကနေ ဆောင်ရန်ရှောင်ရန်အပြင် တကျမှန်ကန်တဲ့သတင်းတွေကိုဝေမျှလျက်ရှိတဲ့ အနုပညာရှင်တစ်ဦးပါ။ယခုဆိုရင်Covid19 ဖြစ်ပွားတဲ့သူ စုစုပေါင်း (၇၄)ယောက်ထိရှိလာတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ” ကျနော် ကို quarantines ဝင်နေတယ်ဆိုပီးမနက်ကတည်းက စိတ်ပူပီး ဖုန်းဆက်မေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ် ကျနော် ဘာမှမဖြစ်ပါဘူးဗျာ စိတ်မပူကြပါနဲ့နော်ကမ္ဘာပေါ်က လူသားအပေါင်း မည်သည့်ကိစ္စနဲ့မှ ပူပန်ခြင်းအလျှင်းမရှိပါစေနဲ့ ” ဆိုတဲ့ ဖြေရှင်းချက်လေး ဖော်ပြလာတာပါ။ CeleConnectons ပရိသတ်ကြီးလည် အောင်မင်းခန့်အတွက် စိုးရိမ်မှုတွေပျောက်အောင် ဖော်ပြပေးလိုက်ပါတယ်နော်.

Source : Aung Min Khant
Candy –Cele Connections

error: Alert: Content is protected !!