

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“Challenge လက်ခံဖို့ နေဝင်းကို ချောင်ပိတ်ကာ အပီအပြင်ဆေးထိုးလိုက်တဲ့ G-Fatt”

နာမည်ကြီး အဆိုတော် G-Fattနဲ့ Snare အဖွဲ့ဝင် နေဝင်းတို့ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်…။ တစ်ယောက်တည်း Single ဘဝနဲ့ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ နေနေတဲ့ G-Fatt ကတော့ ချစ်သူစုံတွဲဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့တိုင်း အမြဲ တစ်မျိုးမျိုးမဟုတ် တစ်မျိုး ဆေးထိုးတတ်တဲ့သူပါ..။ တစ်ယောက်တည်း နေနေပေမယ့် သူငယ်ချင်းတွေနဲ့ စုံတွဲတွေကို ဆေးထိုးကာ နေတတ်တဲ့ G-Fatt့ ဒီနေ့ ဧပြီလ (၁၅)ရက်နေ့မှာတော့ နေဝင်းရဲ့ ချစ်သူ အိမ့်ချစ်ချောတင်လာခဲ့တဲ့ “Flip the switch? (10)k cmt challenge” ပို့စ်အောက်မှာ နေဝင်းChallenge လုပ်အောင် ထိပ်ဆုံးကနေ ကွန်မန့်ပေးကာ ဆေးအကြီး ကြီး ထိုးခဲ့တာပဲဖြစ်ပါတယ်..။

 

 

 

ချစ်သူစုံတွဲတွေကြားမှာ ရေပန်းစားတဲ့ ကောင်မလေး ဝတ်စုံကို ကောင်လေးက ဝတ်တဲ့ Challengeလေးကို လုပ်ဖို့အတွက် အပျော်သဘောနဲ့ အိမ်ချစ်ချောကတင်ခဲ့ပေမယ့် G-Fatt ဦးဆောင် ဆေးထိုးမှုကြောင့် မိနစ် (၂၀)အတွင်းမှာကွန်မန့်အရေအတွက် (10)K ပြည့်သွားခဲ့ပါတယ်..။ ကိုယ်တိုင်လည်း နေဝင်း Challenge လုပ်ဖို့အတွက် Video Call နဲ့ပါ ကတိတောင်းခဲ့တဲ့ အကြောင်းကို ကွန်မန့်မှာ မှတ်ချက်ပေးခဲ့ပါသေးတယ်..။

 

 

G-Fatt ကတော့ နေဝင်းကိုချောင်ပိတ်ပြီး အကြီးကြီးကို ဆေးထိုးလိုက်တာပါ။ သူငယ်ချင်းစုံတွဲတွေကို ဆေးပတ်ထိုးကာ ပျော်နေတဲ့ G-Fatt ကတော့ ဆေးထိုးကျွမ်းသူကြီးပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ဆရာဝန်မဟုတ်တဲ့ ဆေးထိုးကျွမ်းသူ G-Fattကို အားပေးရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ပါဦးနော်..။
Source: Eainy Chit Chaw’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!