“ျမန္မာျပည္ႀကီး ကပ္ေဘးက ကင္းေဝဖုိ႕ ဝင္ခဲ့တဲ့ အဓိဌာန္ေအာင္ျမင္ခဲ့ၿပီး ေတာင္ဒဂံု (၆၅)ရပ္ကြက္မွာ စတုဒီသာ လုိက္ေဝခဲ့တဲ့ စမိုင္းလ္”

အလွဴအတန္းရက္ေရာၿပီး ဘာသာေရးကိုလည္း အေလးထားလုပ္ေဆာင္တဲ့ သရုပ္ေဆာင္ စမိုင္းလ္ကိုေတာ့ Cele Connectionsပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ စမိုင္းလ္ကေတာ့ လူမႈအက်ိဳးေဆာင္အလုပ္ေတြကို သူမတတ္နိုင္သေလာက္ သယ္ပိုးလုပ္ေဆာင္တဲ့သူလို႕ ေျပာရင္မွားမယ္ မထင္ပါဘူး..။ ကုိယ္တိုင္လည္း ဘာသာေရးနဲ႕ လူမႈေရးအလုပ္ေတြကို လုပ္ေဆာင္တတ္သလို သူမလို လုပ္ေဆာင္တဲ့သူေတြကိုလည္း တတ္နို္င္တဲ့ ဘက္ကေန ကူညီေပးတတ္ပါေ သးတယ္..။

 

 

 

ယခုလက္ရွိ ပ်ံ႕ႏွံ႕ေနတဲ့ ဗိုင္းရပ္စ္ပိုးအႏၱရာယ္ေၾကာင့္ အဆင္မေျပတဲ့ မိသားစုနဲ႕ အေျခခံလူတန္းစားေတြအတြက္ လွဴဒါန္းမႈေတြကို ျပဳလုပ္ေပးသလို ေဆးဝန္ထမ္းမ်ားအတြက္ကိုလည္း လုိအပ္ ေဆးပစၥည္းေတြကို လွဴဒါန္းျခင္းျဖင့္ တစ္ဖက္တစ္လမ္းကေန ပါဝင္ကူညီေနတာပဲျဖစ္ပါတယ္ေနာ္..။ စမိုင္းလ္က ျမန္မာျပည္ႀကီး ဗိုင္းရပ္စ္ ရန္ကေန အျမန္ဆံုး ကင္းေဝးေစဖို႕အတြက္ အဓိဌာန္ကိုလည္း ဝင္ေနခဲ့ၿပီး ဒီေန႕ ဧၿပီလ (၁၅)ရက္ေန႕မွာ အဓိဌာန္ေအာင္ျမင္ခဲ့တဲ့အေၾကာင္းကို “သရဏံဂုဏ္ ၉၉၉၉ အဓိဌာန္ေအာင္ျမင္ခဲ့ပါၿပီ..။ ျမန္မာျပည္သူျပည္သားေတြ ကပ္ဆိုးေဘးမွေဝးပါေစ။ စိတ္ဆင္းရဲ ကိုယ္ဆင္းရဲျခင္းမွေဝးၾကပါေစ။

 

 

 

ယေန႔ ေတာင္ဒဂုံ (၆၅)ရပ္ကြက္မွာရွိတဲ့သူေတြအတြက္ ၾကက္သားဘူးသီး၊  ပဲဟင္းနဲ႔ငပိေထာင္း ဗူး(၁၀၀) စတုဒီသာလိုက္ေဝပါတယ္။ အလွဴကို အၿမဲကူေနၾက ေခတ္ေရစီးက ကူညီေဝငွေပးပါတယ္။” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ စမိုင္းလ္ကေတာ့ အဓိဌာန္ေအာင္ျမင္ခဲ့ၿပီး ေတာင္ဒဂံုၿမိဳ႕နယ္ (၆၅)ရပ္ကြက္အတြင္းေနထိုင္သူေတြအတြက္ကိုလည္း စတုဒိသာေတြကို လိုက္ေဝခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း အမ်ားအတြက္ ၾကိဳးပမ္းလုပ္ေဆာင္ေပးတဲ့ စမိုင္းလ္ကို ခ်စ္ခင္ အားေပးရင္ မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ၾကပါဦးေနာ္..။

Source: စမိုင္းလ္ Smile’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“မြန်မာပြည်ကြီး ကပ်ဘေးက ကင်းဝေဖို့ ဝင်ခဲ့တဲ့ အဓိဌာန်အောင်မြင်ခဲ့ပြီး တောင်ဒဂုံ (၆၅)ရပ်ကွက်မှာ စတုဒီသာ လိုက်ဝေခဲ့တဲ့ စမိုင်းလ်”

အလှူအတန်းရက်ရောပြီး ဘာသာရေးကိုလည်း အလေးထားလုပ်ဆောင်တဲ့ သရုပ်ဆောင် စမိုင်းလ်ကိုတော့ Cele Connectionsပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ စမိုင်းလ်ကတော့ လူမှုအကျိုးဆောင်အလုပ်တွေကို သူမတတ်နိုင်သလောက် သယ်ပိုးလုပ်ဆောင်တဲ့သူလို့ ပြောရင်မှားမယ် မထင်ပါဘူး..။ ကိုယ်တိုင်လည်း ဘာသာရေးနဲ့ လူမှုရေးအလုပ်တွေကို လုပ်ဆောင်တတ်သလို သူမလို လုပ်ဆောင်တဲ့သူတွေကိုလည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးတတ်ပါသေးတယ်..။

 

 

ယခုလက်ရှိ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ပိုးအန္တရာယ်ကြောင့် အဆင်မပြေတဲ့ မိသားစုနဲ့ အခြေခံလူတန်းစားတွေအတွက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးသလို ဆေးဝန်ထမ်းများအတွက်ကိုလည်း လိုအပ် ဆေးပစ္စည်းတွေကို လှူဒါန်းခြင်းဖြင့် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီနေတာပဲဖြစ်ပါတယ်နော်..။ စမိုင်းလ်က မြန်မာပြည်ကြီး ဗိုင်းရပ်စ် ရန်ကနေ အမြန်ဆုံး ကင်းဝေးစေဖို့အတွက် အဓိဌာန်ကိုလည်း ဝင်နေခဲ့ပြီး ဒီနေ့ ဧပြီလ (၁၅)ရက်နေ့မှာ အဓိဌာန်အောင်မြင်ခဲ့တဲ့အကြောင်းကို “သရဏံဂုဏ် ၉၉၉၉ အဓိဌာန်အောင်မြင်ခဲ့ပါပြီ..။ မြန်မာပြည်သူပြည်သားတွေ ကပ်ဆိုးဘေးမှဝေးပါစေ။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်းမှဝေးကြပါစေ။

ယနေ့ တောင်ဒဂုံ (၆၅)ရပ်ကွက်မှာရှိတဲ့သူတွေအတွက် ကြက်သားဘူးသီး၊ ပဲဟင်းနဲ့ငပိထောင်း ဗူး(၁၀၀) စတုဒီသာလိုက်ဝေပါတယ်။ အလှူကို အမြဲကူနေကြ ခေတ်ရေစီးက ကူညီဝေငှပေးပါတယ်။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ စမိုင်းလ်ကတော့ အဓိဌာန်အောင်မြင်ခဲ့ပြီး တောင်ဒဂုံမြို့နယ် (၆၅)ရပ်ကွက်အတွင်းနေထိုင်သူတွေအတွက်ကိုလည်း စတုဒိသာတွေကို လိုက်ဝေခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း အများအတွက် ကြိုးပမ်းလုပ်ဆောင်ပေးတဲ့ စမိုင်းလ်ကို ချစ်ခင် အားပေးရင် မှတ်ချက်လေးတွေ   ရေးပေးခဲ့ကြပါဦးနော်..။
Source: စမိုင်းလ် Smile’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!