“ျဖူျဖူေက်ာ္သိန္းရဲ႕ online ေရသဘင္ Challenge ကို Accepted လုပ္ကာဆင္ႏႊဲလိုက္တဲ့ ဘင္ဂ်မင္ဆုမ္းရဲ႕ ဗီဒီယုိဖုိင္”

Myanmar Idol Season(4)ရဲ႕ Runner Upတစ္ဦးျဖစ္တဲ့ ဘင္ဂ်မင္ဆုမ္းကိုေတာ့ ပရိသတ္ေတြရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္။ ဘင္ဂ်မင္ဆုမ္းကေတာ့ ဆြဲေဆာင္မႈရွိတဲ့အသံပါဝါနဲ႔ ဆံပင္ေကာက္ေကာက္ေတြေၾကာင့္ ပရိသတ္ေတြသတိထားမိၿပီး အားေပးမႈကို အမ်ားဆုံးရရွိလာတဲ့ အဆိုေတာ္တစ္လက္ဆိုလည္းမမွားေလာက္ပါဘူးေနာ္။ သူဟာဆိုရင္ ၿပိဳင္ပြဲၿပီးကတည္းက ေဖ်ာ္ေျဖတင္ဆက္ေနရတာေၾကာင့္ သီခ်င္းအသစ္ထြက္လာႏိုင္ဖို႔ကိုလည္း အတတ္ႏိုင္ဆုံးႀကိဳးစားေနတဲ့သူတစ္ဦးပဲျဖစ္ပါတယ္။

 

ဘင္ဂ်မင္ဆုမ္းကေတာ့ အားေပးတဲ့summerေလးေတြအတြက္ သူရဲ႕ ေဖ်ာ္ေျဖမႈအမွတ္တရပုံရိပ္ေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ဒီေန႔မွာေတာ့ ဘင္ဂ်မင္က “အားလုံးပဲ မဂ္လာပါ ခင္ဗ်။ Happy Stay Home Thingyan ပါဗ်။ဒီႏွစ္ Thingyan ကိုေတာ့ ကိုကိုဘင္တို႔ေတြ Online ကေနၿပီးေတာ့ အတာေရဖ်န္းပက္ရင္း Covid-19 ကို မိမိကစကာကြယ္ၾကရေအာင္လားခင္ဗ်။ဒီ Online ေရသဘင္မွာကေတာ့ ညီမေလးျဖဴျဖဴကေနၿပီးေတာ့ အတူဆင္ႏႊဲဖို႔ challenge ေခၚထားတာေလးကို accept လုပ္လိုက္တာျဖစ္ပါတယ္ဗ်။အားလုံးပဲေပ်ာ္႐ႊင္ၾကပါေစဗ်။Ko Kyaw Htet Aung ေရ ကိုကိုဘင္လည္းတင္လိုက္ၿပီဗ်မမျဖဴျဖဴေရ ကိုကိုဘင္ၿပီးသြားၿပီဗ်။onlineေရသဘင္”လို႕ဆိုကာ သူရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။ ျဖူျဖူေက်ာ္သိန္းရဲ႕ Challengeေခၚထားတာေၾကာင့္ ဘင္ဂ်မင္ဆုမ္းက လက္ခံျပီး ကိုဗစ္ကာကြယ္မႈနည္းလမ္းေတြနဲ႕ ကပ္ဆုိးကေန အျမန္္ေက်ာ္လြွားဖို႕ကို ဗီဒီယိုေလးရုိက္ကာ တင္ေပးလိုက္တာပါပဲေနာ္။

 

CeleConnections ပရိသတ္ေတြအတြက္ ဘင္ဂ်မင္ဆုမ္းရဲ႕ online ေရသဘင္ challengeရဲ႕ ဗီဒီယိုဖိုင္ေလးကို ျပန္လည္ျပီးမွ်ေဝေပးလုိက္ပါတယ္။ပရိသတ္ႀကီးကလည္း ဘင္ဂ်မင္ဆုမ္းကို အားေပးခ်စ္ခင္တယ္ဆုိရင္ မွတ္ခ်က္ေလးတစ္ခုေလာက္ေရးေပးခဲ့ၾကပါေနာ္။

Soure…Benjamin Sum’s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“ဖြူဖြူကျော်သိန်းရဲ့ online ရေသဘင် Challenge ကို Accepted လုပ်ကာဆင်နွှဲလိုက်တဲ့ ဘင်ဂျမင်ဆုမ်းရဲ့ ဗီဒီယိုဖိုင်”

 

Myanmar Idol Season(4)ရဲ့ Runner Upတစ်ဦးဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကိုတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဘင်ဂျမင်ဆုမ်းကတော့ ဆွဲဆောင်မှုရှိတဲ့အသံပါဝါနဲ့ ဆံပင်ကောက်ကောက်တွေကြောင့် ပရိသတ်တွေသတိထားမိပြီး အားပေးမှုကို အများဆုံးရရှိလာတဲ့ အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူဟာဆိုရင် ပြိုင်ပွဲပြီးကတည်းက ဖျော်ဖြေတင်ဆက်နေရတာကြောင့် သီချင်းအသစ်ထွက်လာနိုင်ဖို့ကိုလည်း အတတ်နိုင်ဆုံးကြိုးစားနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ဘင်ဂျမင်ဆုမ်းကတော့ အားပေးတဲ့summerလေးတွေအတွက် သူရဲ့ ဖျော်ဖြေမှုအမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဘင်ဂျမင်က “အားလုံးပဲ မဂ်လာပါ ခင်ဗျ။ Happy Stay Home Thingyan ပါဗျ။ဒီနှစ် Thingyan ကိုတော့ ကိုကိုဘင်တို့တွေ Online ကနေပြီးတော့ အတာရေဖျန်းပက်ရင်း Covid-19 ကို မိမိကစကာကွယ်ကြရအောင်လားခင်ဗျ။ဒီ Online ရေသဘင်မှာကတော့ ညီမလေးဖြူဖြူကနေပြီးတော့ အတူဆင်နွှဲဖို့ challenge ခေါ်ထားတာလေးကို accept လုပ်လိုက်တာဖြစ်ပါတယ်ဗျ။
အားလုံးပဲပျော်ရွှင်ကြပါစေဗျ။Ko Kyaw Htet Aung ရေ ကိုကိုဘင်လည်းတင်လိုက်ပြီဗျ
မမဖြူဖြူရေ ကိုကိုဘင်ပြီးသွားပြီဗျ။onlineရေသဘင်”လို့ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းရဲ့ Challengeခေါ်ထားတာကြောင့် ဘင်ဂျမင်ဆုမ်းက လက်ခံပြီး ကိုဗစ်ကာကွယ်မှုနည်းလမ်းတွေနဲ့ ကပ်ဆိုးကနေ အမြန်ကျော်လွှားဖို့ကို ဗီဒီယိုလေးရိုက်ကာ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ဘင်ဂျမင်ဆုမ်းရဲ့ online ရေသဘင် challengeရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း ဘင်ဂျမင်ဆုမ်းကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure…Benjamin Sum’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!