

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ရောဂါကြောင့် လူတွေစိုးရိမ်ထိတ်လန့်နေတဲ့အပြင် ဘာသာရေးခွဲခြားစွာ ဆက်ဆံမှုကို မလိုလားဘူးဆိုတဲ့ ယုန်လေးရဲ့ ဗီဒီယိုဖိုင်”

 

 

မြန်မာနိုင်ငံရဲ့နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ယုန်လေးကို ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ယုန်လေးကတော့ Rapသီချင်းတွေကိုသီဆိုရင်း အောင်မြင်နေတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူဟာဆိုရင် ဂီတပိုင်းမှာအောင်မြင်ရုံသာမက သရုပ်ဆောင်မှုပိုင်းမှာလည်း အောင်မြင်နေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ယုန်လေးကတော့ လိုအပ်နေတဲ့သူတွေကို ကိုယ်တိုင်ပါဝင်လှူဒါန်းဆောင်ရွက်နေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုရရှိလာတာပါပဲနော်။ အိမ်မှာနေရင်း ကိုရိုနာနဲ့ ပတ်သက်တဲ့ ကာကွယ်မှုနည်းလမ်းလေးတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ယုန်လေးက” အခုဖြစ်ပွားနေတဲ့ ကိုရိုနာရောဂါနဲ့ပတ်သက်ပြီးအိမ်မှာနေချင်ဖြင့်ကာကွယ်ပေးပါရန်၊ သူဟာဆိုရင် ဗုဒ္ဓဘာသာတစ်ဦးဖြစ်တာကြောင့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အများဆုံးလေ့လာနေတဲ့သူတစ်ဦးဖြစ်ကြောင်း၊ သူတို့အနုပညာရှင်တွေကို အကောင့်အတုတွေနဲ့ trollတာခံနိုင်ပေမယ့် ဘာသာရေးနဲ့ပတ်သက်တာtrollတာမျိုးမလုပ်ကြပါနဲ့”လို့ဆိုကာ ဗီဒီယိုလေးရိုက်ကာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘာသာရေးတွေမတူကြပေမယ့် ဒီလို ဘာသာရေးတွေကို trollတာမလုပ်စေချင်ဘူးဆိုတဲ့အကြောင်းကို ရင်ဖွင့်ကာ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ယုန်လေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း ယုန်လေးကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure…Yone Lay’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!