

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာနေရင်း သားအမိ၊ သားအဖလေးယောက် အပြန်အလှန်ရေပက်နေကြတဲ့ ပန်းရောင်ခြယ်တို့ မိသားစု

အဆိုတော် ဂရေဟမ်ကတော့ အစစအရာရာ ပြည့်စုံတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဂီတလောကမှာလည်း အောင်မြင်မှုရှိထားတဲ့ ဂရေဟမ်က အရုပ်လေးတွေလို နူးညံ့ပြီး ချစ်စရာကောင်းနေတဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်ဆိုတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အေးချမ်းပြီး ချစ်စရာကောင်းတဲ့ ဂရေဟမ်တို့ မိသားစုလေးကို အားပေးကြပါတယ်။

သင်္ကြန်တွင်းကာလမှာတော့ ဂရေဟမ်တို့ မိသားစုတွေက တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် ရေတွေပက်ပြီး အိမ်ထဲမှာပဲ ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ဂရေဟမ်တို့ မိသားစုလေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်ကလည်း မြန်မာဆန်ဆန်လေးတွေနဲ့ အရမ်းလှနေသလို ဂရေဟမ်တို့ ဇနီးမောင်နှံကလည်း တကယ့်ကိုကြည်နူးစရာပါပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မိသားစုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်။

Source: Pan Yaung Chel’s fb
Bilie – Cele Connections

error: Alert: Content is protected !!