“အဘိုးအဘြားနဲ႕ မိဘတို႕ကို ရည္စူးကာ မဟာဝိဟာရေက်ာင္းတိုက္မွာ တစ္ေန႕တာဆြမ္းအလွဴ (၇)သိန္းခြဲလွဴဒါန္းခဲ့တဲ့ ပုိပုိ”

ျမန္မာႏိုင္ငံရဲ႕ နာမည္ေက်ာ္အဆိုေတာ္တစ္ဦးျဖစ္တဲ့ ပိုပိုနဲ႔ ပရိသတ္ေတြကို အထူးတလည္မိတ္ဆက္ေပးဖို႔မလိုေလာက္ဘူးထင္ပါတယ္ ။ ပိုပိုကေတာ့ သီခ်င္းေအးေအးေလးေတြသီခ်င္းတာေၾကာင့္ ပရိသတ္ေတြရဲ႕ ရင္ထဲထိကို စြဲေစမယ့္ အဆိုေတာ္တစ္လက္ဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူမရဲ႕ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့” ဘာမွမလိုဘူး”သီခ်င္းကေတာ့ ပရိသတ္ေတြၾကားမွာ အခုခ်ိန္ထိကို ေရပန္းစားေအာင္ျမင္ေက်ာ္ၾကားေနတဲ့ သီခ်င္းပဲျဖစ္ပါတယ္။

 

 

ကို႐ိုနာေရာဂါေၾကာင့္ လိုအပ္ေနတဲ့သူေတြကို သူမရဲ႕ ေခြၽးႏွဲစာထဲကေန တက္ႏိုင္သေလာက္ေလးေတြ လႉဒါန္းျဖစ္တဲ့မွတ္တမ္းပုံရိပ္ေလးေတြနဲ႔ ေဖ်ာ္ေျဖေရးပြဲ အမွတ္တရပုံရိပ္ေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ဒီေန႔မွာေတာ့ ပိုပိုက”ယေန႔မွာ ဘုရား အမႉး ရွိေသာ သံဃာ ေတာ္တို႔အား အဘြားေဒၚအုန္းၾကည္ န႔ဲ ေဖေဖ ဦးေအာင္ေက်ာ္ဝင္း တို႔ရ႔ဲ ေက်းဇူး တရားကို ျပန္လည္ ေအာက္ေမ့ၿပီး တစ္ေန႔တာ ဆြမ္းအလႉ ၇ သိန္းခြဲ လႉဒါန္းပါတယ္ရွင္။ယခုလို လွဴဒါန္းရတဲ့အက်ိဳးေၾကာင့္ ကမ႓ာ့ေပၚမွာ ျဖစ္ပ်က္ေနေသာ ကပ္ေရာဂါ ဆိုးေတြ အျမန္ေပ်ာက္ကင္းပါေစ ။ပိုလဲ နိဗၺာန္ မဂ္ဖိုလ္ ကို အျမန္ဆံုး ေရာက္ရပါလို၏။
ကၽြန္မလဲ စိတ္ခ်မ္းသာသလို လူတိုင္း လူတိုင္း စိတ္ခ်မ္းသာၾကပါေစ။Happy New Year ကတည္းက လႉဖို႔ စာရင္းေပးထားတာ ပို႔ ေမြးေန႔ မွာ လႉမ့ဲသူရွိေနလို႔ ဒီရက္လႉလိုက္တာ”လို႕ဆိုကာ သူမရဲ႕ လူမႈကြန္ယက္စာမ်က္နွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။

 

CeleConnections ပရိသတ္ေတြအတြက္ ပိုပုိရဲ႕ လွဴဒါန္းခဲ့တဲ့ ပုံရိပ္ေလးေတြကို ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္။ ပရိသတ္ႀကီးကလည္း ပိုပုိအတြက္ သာဓုေခၚေပးခဲ့ၾကပါအုံးေနာ္။

Soure… Po Po ‘s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“အဘိုးအဘွားနဲ့ မိဘတို့ကို ရည်စူးကာ မဟာဝိဟာရကျောင်းတိုက်မှာ တစ်နေ့တာဆွမ်းအလှူ (၇)သိန်းခွဲလှူဒါန်းခဲ့တဲ့ ပိုပို”

မြန်မာနိုင်ငံရဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ပိုပိုနဲ့ ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ် ။ ပိုပိုကတော့ သီချင်းအေးအေးလေးတွေသီချင်းတာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲထိကို စွဲစေမယ့် အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့” ဘာမှမလိုဘူး”သီချင်းကတော့ ပရိသတ်တွေကြားမှာ အခုချိန်ထိကို ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့ သီချင်းပဲဖြစ်ပါတယ်

 

 

ကိုရိုနာရောဂါကြောင့် လိုအပ်နေတဲ့သူတွေကို သူမရဲ့ ချွေးနှဲစာထဲကနေ တက်နိုင်သလောက်လေးတွေ လှူဒါန်းဖြစ်တဲ့မှတ်တမ်းပုံရိပ်လေးတွေနဲ့ ဖျော်ဖြေရေးပွဲ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ပိုပိုက”ယနေ့မှာ ဘုရား အမှူး ရှိသော သံဃာ တော်တို့အား အဘွားဒေါ်အုန်းကြည် နဲ့ ဖေဖေ ဦးအောင်ကျော်ဝင်း တို့ရဲ့ ကျေးဇူး တရားကို ပြန်လည် အောက်မေ့ပြီး တစ်နေ့တာ ဆွမ်းအလှူ ၇ သိန်းခွဲ လှူဒါန်းပါတယ်ရှင်။ယခုလို လှူဒါန်းရတဲ့အကျိုးကြောင့် ကမ္ဘာ့ပေါ်မှာ ဖြစ်ပျက်နေသော ကပ်ရောဂါ ဆိုးတွေ အမြန်ပျောက်ကင်းပါစေ ။ပိုလဲ နိဗ္ဗာန် မဂ်ဖိုလ် ကို အမြန်ဆုံး ရောက်ရပါလို၏။
ကျွန်မလဲ စိတ်ချမ်းသာသလို လူတိုင်း လူတိုင်း စိတ်ချမ်းသာကြပါစေ။Happy New Year ကတည်းက လှူဖို့ စာရင်းပေးထားတာ ပို့ မွေးနေ့ မှာ လှူမဲ့သူရှိနေလို့ ဒီရက်လှူလိုက်တာ”လို့ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် ပိုပိုရဲ့ လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ပိုပိုအတွက် သာဓုခေါ်ပေးခဲ့ကြပါအုံးနော်။

Soure… Po Po ‘s Facebook
Angella(CeleConnections)

error: Alert: Content is protected !!