

 

 


 

 


 

 

Source: Nay Win ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သင်္ကြန်မှာ မခွဲတမ်း နှစ်ယောက်အတူတူရှိခဲ့တာ (၁၁)နှစ်ရှိပြီဆိုတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲ

ပရိသတ်တွေ အားကျရတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ အတွဲလေးကို နေဝင်းအဆိုတော်ပေါက်စကတည်းက ရွှေလက်တွဲခဲ့တာ အခုဆိုရင် ချစ်သူသက်တမ်း ၁၁ နှစ်ကျော်ပြီပဲ ဖြစ်ပါတယ်။ နေဝင်းက ပြီးခဲ့တဲ့ (၂၀၁၉) ဒီဇင်ဘာလ (၃၁) ရက်နေ့က သူ့ရဲ့ချစ်သူကောင်မလေးကို Surprise လုပ်ပြီး စင်ပေါ်မှာ လက်ထပ်ခွင့်တောင်းခဲ့တာပဲ ဖြစ်ပါတယ်။ နေဝင်းတို့ စုံတွဲက အခု ဧပြီလအတွင်းမှာ လက်ထပ်ဖို့ စီစဉ်ထားပေမယ့် Covid – 19 ရောဂါကြောင့် လက်ထပ်ပွဲကို နောက်ဆုတ်ထားရတာပဲ ဖြစ်ပါတယ်။

(၁၁)နှစ် လက်တွဲလာခဲ့တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့အတွဲလေးက သင်္ကြန်မှာလည်း မခွဲပဲ အတူတူ ရှိခဲ့တာ (၁၁) နှစ်တောင်ရှိပြီပဲ ဖြစ်ပါတယ်။ Covid – 19 ကြောင့် သင်္ကြန်မဏ္ဍပ်မသွားရတဲ့ နေဝင်းက အိမ်မှာပဲ ဇနီးလောင်းလေးနဲ့ အနားယူနေတာပဲ ဖြစ်ပါတယ်။

နေဝင်းတို့အတွဲလေးကတော့ ဒီလောက်နှစ်တွေအများကြီးကို အတူတူလက်တွဲ ကျော်ဖြတ်လာတာ အရမ်းအားကျဖို့ ကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်ရသူနဲ့ ပျော်ရွှင်တဲ့ သင်္ကြန်ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Win ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!