

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သူမတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး လိမ်လည်မှုရှိနေကြောင်း သတိပေးလာတဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် စုံတွဲလေးဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုတွေများစွာ ရရှိပိုင်ဆိုင်ထားကြသူများ ဖြစ်ပါတယ်။ အောင်မြင်သူများပီပီ တစ်နိုင်ငံလုံးကလူတွေရဲ့ စောင့်ကြည့်ခြင်းခံရတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ဒီတစ်ခေါက်မှာလည်း သူတို့နာမည်ကို အလွဲသုံးစားလုပ်ပြီး ကားတွေ၊ တန်ဖိုးကြီး တယ်လီဖုန်းတွေ မဲဖောက်ပေးမယ်ဆိုပြီး လိမ်လည်မှုတစ်ခုအကြောင်းကို ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။

“ချစ်သော ပရိတ်သတ်များကို ထပ်မံ အသိပေးလိုပါတယ်။ ယခု ပုံပါ” Eaindra Kyaw Zin” page( ဘေးမှာ blue mark အပြာရောင် အမှန်ခြစ်ကလေး) ပါတဲ့ page တခုထဲကိုသာ ကိုပြေတီရော အူဝဲ ရော၂ယောက်လုံးသုံးပါတယ်။ ဒီ page ကလွဲ၍ ကိုပြေတီဦးလဲ တခြား ဘယ်page မှ မသုံးပါဘူး။ အူဝဲ တို့အမည်နဲ့ ကံစမ်းမဲဖောက်တဲ့ postတွေ တက်လာတာ တွေ့ရပါတယ်။ မယုံကြဖို့ နဲ့ အူဝဲတို့နဲ့ လုံးဝ (လုံးဝ) သက်ဆိုင်မှု မရှိကြောင်း အသိပေးချင်ပါတယ်ရှင်။” ဆိုပြီး အသိပေးလာပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့အတွက် ကားတွေ၊ ဖုန်းတွေ မဲဖောက်ပေးတယ်ဆိုတာ အမှန်တကယ်မဟုတ်ပါဘူးနော်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ Official အကောင့်မှသာ ယုံကြဖို့ ထပ်မံအသိပေးလိုက်ရပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections

error: Alert: Content is protected !!