ယူနီကုဒ်ဖြင့်ဖတ်ရန်
“သူမကတော့ ကပ်ဆိုးကြီးပြီးရင် တစ်ယောက်သောသူကို ကပ်ချွဲချင်ပါတယ်ဆိုလာတဲ့ ဆောင်းဝတ်ရည်မေ”
MRTV-4ရဲ့ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “ချစ်ခြင်းတရားတို့ရှိရာနေရာ”ဇာတ်ကားထဲတွင် သက်သက်ဇော်အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေနဲ့ ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ဆောင်းဝတ်ရည်မေကတော့ ဇာတ်တိုင်းလိုလို ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးမှုမလျော့သွားအောင် အကောင်းဆုံးကြိုးစားနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
ဆောင်းဝတ်ရည်မေကတေ့ာ အခုခေတ်စားတဲ့ tik tokလေးတွေကို ဆော့ကာ ဗီဒီယိုဖိုင်လေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဆောင်းဝတ်ရည်မေက “ဒီကပ်ဆိုးကြီးပြီးသွားရင်တော့ ခင်များကြီးအနားမှာ ကပ်ပြီးချွဲပါ့ရစေဦး။အိမ်မှာအပျင်းပြေရိုက်ထားတဲ့ပုံလေးတွေ တင်ပေးလိုက်ပြီနော် ထပ်ပြီးလာဦးမယ်”လို့ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။သူမကတော့ Singleတစ်ယောက်ဖြစ်ပေမယ့် အမိုက်စားကပ်ပရှင်းလေးတွေနဲ့ ပုရိသပရိသတ်တွေစိတ်ဝင်စားအောင် ရေးပြီးတင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက် ဆောင်းဝတ်ရည်မေရဲ့ ကပ်ကြီးပြီးရင် ကပ်ချွဲချင်တဲ့အကြောင်းကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ဆောင်းဝတ်ရည်မေရဲ့ ကပ်ချွဲချင်တဲ့ သူကို စိတ်ဝင်စားနေကြမယ်ထင်ပါတယ်။
Soure…. Hsaung Wutyee May’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!