

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သမီးလေး ထိပ်ထိပ်နဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ကိုပါခေါ်ပြီး ပရိသတ်တွေနဲ့ ရင်ရင်းနှီးနှီးစကားပြော Live လွှင့်ခဲ့တဲ့ ခိုင်သင်းကြည်

အကယ်ဒမီ ခိုင်သင်းကြည်ကတော့ ကျရာဇာတ်ရုပ်ကို တိတိကျကျနဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်သင်းကြည်က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲမှ ဆရာမလေး မပုန်းရည် ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခိုင်သင်းကြည်က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးစကားပြောရအောင် Live လွှင့်ခဲ့ပါတယ်။ သမီးလေး စံထိပ်ထားဦး၊ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်တို့နဲ့ မိသားစုံစုံလင်လင်နဲ့ ခိုင်သင်းကြည်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ခိုင်သင်းကြည်ကတော့ ဘယ်အချိန်ကြည့်ကြည့် နုပျိုနေသလို သမီးလေး စံထိပ်ထားဦးကလည်း တစ်နေ့တစ်ခြားကို ချစ်စရာကောင်းလာတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ခိုင်သင်းကြည်တို့ မိသားစုကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်။

Source: Khine Thin Kyi ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!