

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“လွန်ခဲ့တဲ့ (၄)နှစ်က သင်္ကြန်အမှတ်တရလေးတွေကို ချပြလာတဲ့ မအေးသောင်း”

မြန်မာဆန်ဆန်လှတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ မင်းသမီးချော မအေးသောင်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ မအေးသောင်းကတော့ ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်း မင်းသမီးတစ်လက် ပဲဖြစ်ပါတယ်..။ မအေးသောင်းက အနုပညာအလုပ်တွေအပြင် စီးပွားရေးအလုပ်တွေမှာ ကျွမ်းကျင်စွာ လုပ်ကိုင်တတ်ပါသေးတယ်..။

မအေးသောင်းက ဗိုင်းရပ်စ်ကြောင့် လိုအပ်နေတဲ့ ဆေးရုံတွေအတွက် Mask တွေကို လှူဒါန်းနေတဲ့ သူပဲဖြစ်ပါတယ်နော်..။လက်ရှိမှာ သူမကိုယ်တိုင်လည်း အိမ်မှာ နေထိုင်နေပြီး ပရိသတ်တွေကိုလည်း အိမ်မှာ နေထိုင်ကြဖို့ကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှ တစ်ဆင့် မျှဝေပေးနေတဲ့သူပါ..။ ဒီနေ့ ဧပြီလ (၁၅)ရက်နေ့မှာတော့ သူမရဲ့ လွန်ခဲ့တဲ့ (၄)နှစ်က သင်္ကြန်မှာ ပျော်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို “လွန်ခဲ့သော (၄) နှစ်က ဘန်ဒါးနားဖက်ရှင်နဲ့” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.. ။

လွန်ခဲ့တဲ့ (၄)နှစ်က အမိုက်စားဖက်ရှင်လေးနဲ့ သင်္ကြန်လည်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ဒီနှစ် သင်္ကြန်မကဲရတဲ့ အထိမ်းအမှတ်နဲ့ တင်လာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး..။ Cele Connecitons ပရိသတ်ကြီးအတွက်လည်း မအေးသောင်းရဲ့ ဖက်ရှင် အမိုက်စားနဲ့ သင်္ကြန်လည်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်နော်.။
Source: Aye Thaung’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!