မူရင္းဇာတ္လမ္းနဲ့မတူေတာ့ပဲ ဇာတ္သိမ္းပိုင္းမွာ ကိုၾကာစြယ္ ေသသြားတာၾကည့္ၿပီး အံ့ၾသစိတ္မေကာင္းျဖစ္ရတယ္ဆိုတဲ့ စာေရးဆရာမ ခင္ခင္ထူး

ၿပီးခဲ့တဲ့ ရက္ပိုင္းက ထုတ္လႊင့္ျပသၿပီးခဲ့တဲ့ “ဆူးပန္းေခြသြယ္ဘယက္ႏွင့္ေပ႐ြက္လိပ္နားေတာင္းဆင္” ဇာတ္လမ္းတြဲမွာေတာ့ ေတာသားလူ႐ိုးႀကီး ကိုၾကာစြယ္က ကြယ္လြန္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ဇာတ္သိမ္းပိုင္းက မူရင္းဝတၳဳဇာတ္လမ္းက ဇာတ္သိမ္းပိုင္းနဲ႔ ကြာျခားမႈရွိေနတာေၾကာင့္ ပရိသတ္ေတြခမ်ာ စဥ္းစားရခက္ေနတာပဲ ျဖစ္ပါတယ္။ “ဆူးပန္းေခြသြယ္ဘယက္ႏွင့္ေပ႐ြက္လိပ္နားေတာင္းဆင္” ဝတၳဳကို မူရင္းေရးသားသူ စာေရးဆရာမ ခင္ခင္ထူးကလည္း ဇာတ္သိမ္းပိုင္းကိုၾကည့္ၿပီး လုံးဝမထင္မွတ္ထားပဲ အံ့ၾသခဲ့ရေၾကာင္းကို အခုလို ေျပာျပထားပါတယ္။

 

 

“”ကိုၾကာစြယ္ ေသဆုံးဖို႔ ဆရာမ သေဘာတူခဲ့ပါသလား” ဆိုတဲ့ ပရိတ္သတ္ အေတာ္မ်ားမ်ားက ေမးၾကတဲ့ေမးခြန္းကေတာ့ ကြၽန္မနဲ႔တိုက္႐ိုက္ပတ္သက္လာလို႔ ေျဖရျခင္းပါ။ သည္ဝတၳဳကေလးကို ကြၽန္မေရးခဲ့တာ ေက်းလက္ေတာ႐ြာေတြမွာတာဝန္က်တဲ့ ေက်ာင္းဆရာ/ဆရာမေလးေတြရဲ႕ဘဝနဲ႔ တာဝန္က်ရာ ေက်း႐ြာေတြရဲ႕ သဘာဝကို ခ်စ္စရာေကာင္းေအာင္ စာနာတတ္ေအာင္ ေရးဖြဲ႕ခဲ့ျခင္းသာျဖစ္ပါတယ္။ ကိုယ္တိုင္လည္း ေတာေက်ာင္းဆရာမဘဝနဲ႔ မတၱရာၿမိဳ႕နယ္ထဲက ႐ြာကေလးမွာ ေလးႏွစ္နီးပါး ႐ြာေနျပည္ထိုင္ ေနခဲ့သူပါ။ ကိုယ္ပိုင္အေတြ႕အႀကဳံေရာ၊ ဘဝတူဆရာမေလးေတြရဲ႕ အေတြ႕အႀကဳံေတြကိုပါ ရယူေမြးဖြားခဲ့တဲ့ ဝတၳဳလည္းျဖစ္ပါတယ္။”

 

 

“ကြၽန္မဝတၳဳနဲ႔ပတ္သက္ၿပီး ႐ုပ္ရွင္႐ိုက္ကူးေရးအပိုင္းကို တစ္စုံတစ္ရာ မသိခဲ့ရတာ အမွန္ပါ။ ကြၽန္မသည္ပင္ ပရိတ္သတ္မ်ားနည္းတူ ညစဥ္ေစာင့္ၾကည့္ခဲ့ရတဲ့ ပရိတ္သတ္တစ္ဦးထက္ မပိုခဲ့ပါဘူးရွင္။ ဇာတ္သိမ္းမွာ ကိုၾကာစြယ္ ေသဆုံးသြားတဲ့အေပၚ ကြၽန္မကိုယ္တိုင္ အေတာ္အံ့ၾသသြားခဲ့မိပါတယ္။ သည္ဝတၳဳကိုေရးစဥ္က ကြၽန္မရဲ႕အဓိကဇာတ္ေကာင္ ကိုၾကာစြယ္ရဲ႕စ႐ိုက္ကို သတိထားေရးဖြဲ႕ခဲ့တာပါ။ ဆရာမေလးအေပၚထားရွိတဲ့ ကိုၾကာစြယ္ရဲ႕ ႐ိုးသားတဲ့စိတ္ႏွလုံးနဲ႔ အထက္တန္းက်တဲ့စိတ္ဓါတ္ကို ေပၚလြင္ေအာင္ ႏူးညံ့သိမ္ေမြ႕စြာ ကြၽန္မ ပုံေဖာ္ခဲ့ပါတယ္။”

 

 

“ကြၽန္မဝတၳဳမွာ ကိုၾကာစြယ္ မေသပါဘူးရွင္။ လူမေသသလို စိတ္ဓါတ္ကလည္း ရွင္သန္သူပါ။ သည္ခံစားမႈေလးေပၚလြင္ေအာင္ ဘယ္လို႐ိုက္မွာပါလိမ့္ဆိုတာ ဇာတ္လမ္းနဲ႔ပတ္သက္ၿပီး ကြၽန္မ သိပ္စိတ္ဝင္စားခဲ့ပါတယ္။ သို႔ေသာ္ ထင္မထားတာျဖစ္သြားခဲ့တယ္။ စိတ္မေကာင္းျဖစ္ရပါတယ္ရွင္။ ဇာတ္လမ္းထဲမွာ ကိုၾကာစြယ္ရဲ႕ဘဝဇာတ္သိမ္းနဲ႔ပတ္သက္လို႔ ေမးျမန္းၾကသူမ်ားကို ကြၽန္မဝတၳဳကို ဖတ္ၾကည့္ၾကပါလို႔သာ ေျပာပါရေစေတာ့။”

 

 

“ေစတနာ ​ေမတၱာ က႐ုဏာတရားျပည့္ဝ​ၾကတဲ့ မပုန္းရည္လို အနစ္နာခံတတ္တဲ့ ဆရာ/ဆရာမ​ေလး​ေတြ အမ်ားႀကီး​ေပၚထြန္းလာ​ေစခ်င္သလို ႐ိုးသားျဖဴစင္​တဲ့ ​ေတာသူ​ေတာင္သား​ေတြရဲ႕ အထက္တန္းက်တဲ့စိတ္ဓါတ္​ေတြကိုလည္း ​ကြၽန္မတို႔ အသိအမွတ္ျပဳၾကရမွာပါ။ ကြၽန္မ​​ ပုံ​ေဖာ္ခဲ့တာကလည္း သည္အခ်က္ပါပဲ။ ဆရာနဲ႔တပည့္ဆိုတာ ပန္းနဲ႔ ပန္းထုပ္တဲ့ဖက္လိုပါပဲ။ ပန္းက​ေမႊး​ေတာ့ ပန္းထုပ္တဲ့ဖက္လည္း​ ေမႊးရပါတယ္ရွင့္။” ဆိုျပီး စာေရးဆရာမ ခင္ခင္ထူးက ေျပာထားပါတယ္။ ပရိသတ္ၾကီးေရာ ဝတၳဳနဲ့ ဇာတ္လမ္းတြဲ ဘယ္ဇာတ္သိမ္းကို ပိုသေဘာေခြ့လဲ ေျပာျပခဲ့ပါဦး။

 

 

Source: ခင္ခင္ထူး’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မူရင်းဇာတ်လမ်းနဲ့မတူတော့ပဲ ဇာတ်သိမ်းပိုင်းမှာ ကိုကြာစွယ် သေသွားတာကြည့်ပြီး အံ့သြစိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့ စာရေးဆရာမ ခင်ခင်ထူး

ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်လွှင့်ပြသပြီးခဲ့တဲ့ “ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲမှာတော့ တောသားလူရိုးကြီး ကိုကြာစွယ်က ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဇာတ်သိမ်းပိုင်းက မူရင်းဝတ္ထုဇာတ်လမ်းက ဇာတ်သိမ်းပိုင်းနဲ့ ကွာခြားမှုရှိနေတာကြောင့် ပရိသတ်တွေခမျာ စဉ်းစားရခက်နေတာပဲ ဖြစ်ပါတယ်။ “ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်” ဝတ္ထုကို မူရင်းရေးသားသူ စာရေးဆရာမ ခင်ခင်ထူးကလည်း ဇာတ်သိမ်းပိုင်းကိုကြည့်ပြီး လုံးဝမထင်မှတ်ထားပဲ အံ့သြခဲ့ရကြောင်းကို အခုလို ပြောပြထားပါတယ်။

“”ကိုကြာစွယ် သေဆုံးဖို့ ဆရာမ သဘောတူခဲ့ပါသလား” ဆိုတဲ့ ပရိတ်သတ် အတော်များများက မေးကြတဲ့မေးခွန်းကတော့ ကျွန်မနဲ့တိုက်ရိုက်ပတ်သက်လာလို့ ဖြေရခြင်းပါ။ သည်ဝတ္ထုကလေးကို ကျွန်မရေးခဲ့တာ ကျေးလက်တောရွာတွေမှာတာဝန်ကျတဲ့ ကျောင်းဆရာ/ဆရာမလေးတွေရဲ့ဘဝနဲ့ တာဝန်ကျရာ ကျေးရွာတွေရဲ့ သဘာဝကို ချစ်စရာကောင်းအောင် စာနာတတ်အောင် ရေးဖွဲ့ခဲ့ခြင်းသာဖြစ်ပါတယ်။ ကိုယ်တိုင်လည်း တောကျောင်းဆရာမဘဝနဲ့ မတ္တရာမြို့နယ်ထဲက ရွာကလေးမှာ လေးနှစ်နီးပါး ရွာနေပြည်ထိုင် နေခဲ့သူပါ။ ကိုယ်ပိုင်အတွေ့အကြုံရော၊ ဘဝတူဆရာမလေးတွေရဲ့ အတွေ့အကြုံတွေကိုပါ ရယူမွေးဖွားခဲ့တဲ့ ဝတ္ထုလည်းဖြစ်ပါတယ်။”

“ကျွန်မဝတ္ထုနဲ့ပတ်သက်ပြီး ရုပ်ရှင်ရိုက်ကူးရေးအပိုင်းကို တစ်စုံတစ်ရာ မသိခဲ့ရတာ အမှန်ပါ။ ကျွန်မသည်ပင် ပရိတ်သတ်များနည်းတူ ညစဉ်စောင့်ကြည့်ခဲ့ရတဲ့ ပရိတ်သတ်တစ်ဦးထက် မပိုခဲ့ပါဘူးရှင်။ ဇာတ်သိမ်းမှာ ကိုကြာစွယ် သေဆုံးသွားတဲ့အပေါ် ကျွန်မကိုယ်တိုင် အတော်အံ့သြသွားခဲ့မိပါတယ်။ သည်ဝတ္ထုကိုရေးစဉ်က ကျွန်မရဲ့အဓိကဇာတ်ကောင် ကိုကြာစွယ်ရဲ့စရိုက်ကို သတိထားရေးဖွဲ့ခဲ့တာပါ။ ဆရာမလေးအပေါ်ထားရှိတဲ့ ကိုကြာစွယ်ရဲ့ ရိုးသားတဲ့စိတ်နှလုံးနဲ့ အထက်တန်းကျတဲ့စိတ်ဓါတ်ကို ပေါ်လွင်အောင် နူးညံ့သိမ်မွေ့စွာ ကျွန်မ ပုံဖော်ခဲ့ပါတယ်။”

“ကျွန်မဝတ္ထုမှာ ကိုကြာစွယ် မသေပါဘူးရှင်။ လူမသေသလို စိတ်ဓါတ်ကလည်း ရှင်သန်သူပါ။ သည်ခံစားမှုလေးပေါ်လွင်အောင် ဘယ်လိုရိုက်မှာပါလိမ့်ဆိုတာ ဇာတ်လမ်းနဲ့ပတ်သက်ပြီး ကျွန်မ သိပ်စိတ်ဝင်စားခဲ့ပါတယ်။ သို့သော် ထင်မထားတာဖြစ်သွားခဲ့တယ်။ စိတ်မကောင်းဖြစ်ရပါတယ်ရှင်။ ဇာတ်လမ်းထဲမှာ ကိုကြာစွယ်ရဲ့ဘဝဇာတ်သိမ်းနဲ့ပတ်သက်လို့ မေးမြန်းကြသူများကို ကျွန်မဝတ္ထုကို ဖတ်ကြည့်ကြပါလို့သာ ပြောပါရစေတော့။”

“စေတနာ မေတ္တာ ကရုဏာတရားပြည့်ဝကြတဲ့ မပုန်းရည်လို အနစ်နာခံတတ်တဲ့ ဆရာ/ဆရာမလေးတွေ အများကြီးပေါ်ထွန်းလာစေချင်သလို ရိုးသားဖြူစင်တဲ့ တောသူတောင်သားတွေရဲ့ အထက်တန်းကျတဲ့စိတ်ဓါတ်တွေကိုလည်း ကျွန်မတို့ အသိအမှတ်ပြုကြရမှာပါ။ ကျွန်မ ပုံဖော်ခဲ့တာကလည်း သည်အချက်ပါပဲ။ ဆရာနဲ့တပည့်ဆိုတာ ပန်းနဲ့ ပန်းထုပ်တဲ့ဖက်လိုပါပဲ။ ပန်းကမွှေးတော့ ပန်းထုပ်တဲ့ဖက်လည်း မွှေးရပါတယ်ရှင့်။” ဆိုပြီး စာရေးဆရာမ ခင်ခင်ထူးက ပြောထားပါတယ်။ ပရိသတ်ကြီးရော ဝတ္ထုနဲ့ ဇာတ်လမ်းတွဲ ဘယ်ဇာတ်သိမ်းကို ပိုသဘောခွေ့လဲ ပြောပြခဲ့ပါဦး။

Source: ခင်ခင်ထူး’s fb
Bilie – Cele Connections

error: Alert: Content is protected !!