မိတ္ကပ္ကဖ်က္လို့ေျပာင္ေပမယ့္ သူမ်ားအေပၚ ရႈံ႕ခ်ခ်င္တဲ့ စိတ္ေတြကေတာ့ ဘယ္လိုဖ်က္ဖ်က္ ဖ်က္လို႔မေျပာင္ဘူးဆိုတဲ့ ေနျခည္ဦး

နာမည္ၾကီး Beauty Blogger၊ မင္းသမီးတစ္ေယာက္ျဖစ္တဲ့ ေနျခည္ဦးက ပြင့္ပြင့္လင္းလင္းနဲ့ စိတ္ထဲရိွတဲ့အတိုင္း ေျပာဆိုတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ေအာင္ျမင္မႈေတြ ရရိွေနသူပီပီ ေဝဖန္မႈေတြမ်ားစြာ ခံရေလ့ရိွတဲ့ ေနျခည္ဦးက အရာရာကို ပညာသားပါပါသာ တံု့ျပန္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီေန့မွာလည္း ေနျခည္ဦးက အလွျပင္ရင္းနဲ့ လူေတြရဲ့ စိတ္ေနသေဘာထားနဲ့ ပက္သတ္ျပီး အခုလိုပဲ ေျပာျပထားပါတယ္။

 

 

“မိတ္ကပ္ဆိုတာ ကိုယ့္ရဲ႕ ခံစားခ်က္ေတြ အလွအပအျမင္ေတြကို express လုပ္ျခင္း ပညာပဲ။အယ္… အဲ့လို express လုပ္ရင္း တစ္ခါတစ္ေလ လက္လြန္ၾကက္သြန္ၿပီး joker လိုလို မီးပြိဳင့္လိုလိုလဲ ျဖစ္သြားတတ္တယ္။ အဲ့က်ေတာ့ မလိုသူေတြ ဝင္ေဖာင္းထုတာ ခံေပဦးေပါ့။ ဒါေပမယ့္ သူတို႔ တစ္ခ်က္ မေတြးမိတာက အဲ့မိတ္ကပ္ေတြက ကိုယ္မႀကိဳက္လို႔ ဖ်က္လိုက္ရင္ before ပုံခ်က္ခ်င္းျပန္ျဖစ္ႏိုင္ေပမယ့္ သူတို႔ရဲ႕ သူမ်ားအေပၚ ရႈံ႕ခ်ခ်င္တဲ့ စိတ္ေတြကေတာ့ ဘယ္လိုဖ်က္ဖ်က္ ဖ်က္လို႔မေျပာင္ေတာ့တာပဲ။”

 

 

“ေနျခည္တို႔ကိုယ္တိုင္က မိတ္ကပ္လိမ္းတဲ့ေနရာမွာ perfect ျဖစ္မေနပါဘူး။ မိတ္ကပ္လိမ္းတယ္ဆိုတာ experiment တစ္ခုျပဳလုပ္တာပဲ ဆိုေတာ့ ကိုယ္နဲ႔ ဘယ္လိုအေရာင္ ဘယ္လိုပုံစံေလးေတြနဲ႔ လိုက္မလား မလိုက္ဘူးလားဆိုတာ ကိုယ့္ဟာကိုယ္ လိမ္းၾကည့္မွ သိႏိုင္မွာေပါ့။ ဒါေၾကာင့္အေရာင္ဆန္းဆန္းေတြ လိမ္းၾကည့္ဖို႔လဲ ဘာမွမေၾကာက္နဲ႔ မိတ္ကပ္အမ်ားႀကီး တင္ၾကည့္ဖို႔လဲ မလန္႔နဲ႔ tattoo ထိုးတာမွ မဟုတ္တာ ႀကိဳက္တဲ့အခ်ိန္ျပန္ဖ်က္လို႔ရတယ္။ မိမိႀကိဳက္ႏွစ္သက္သက္တဲ့ အလွကို မိတ္ကပ္နဲ႔ မိမိဘာသာ စိတ္ႀကိဳက္ဖန္တီးၾကည့္ဖို႔ ဘာမွမေၾကာက္နဲ႔ေနာ္။” ဆိုျပီး ေျပာထားပါတယ္။

 

ေနျခည္ကေတာ့ အလွျပင္ရင္းနဲ့ ဘဝအေတြးအေခၚနဲ့ ပက္သတ္ျပီး သူမခံစားရတာ တစ္ခုကို မွ်ေဝထားတာ ျဖစ္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။

 

 

Source: Nay Chi Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိတ်ကပ်ကဖျက်လို့ပြောင်ပေမယ့် သူများအပေါ် ရှုံ့ချချင်တဲ့ စိတ်တွေကတော့ ဘယ်လိုဖျက်ဖျက် ဖျက်လို့မပြောင်ဘူးဆိုတဲ့ နေခြည်ဦး

နာမည်ကြီး Beauty Blogger၊ မင်းသမီးတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးက ပွင့်ပွင့်လင်းလင်းနဲ့ စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ အောင်မြင်မှုတွေ ရရှိနေသူပီပီ ဝေဖန်မှုတွေများစွာ ခံရလေ့ရှိတဲ့ နေခြည်ဦးက အရာရာကို ပညာသားပါပါသာ တုံ့ပြန်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း နေခြည်ဦးက အလှပြင်ရင်းနဲ့ လူတွေရဲ့ စိတ်နေသဘောထားနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြထားပါတယ်။

“မိတ်ကပ်ဆိုတာ ကိုယ့်ရဲ့ ခံစားချက်တွေ အလှအပအမြင်တွေကို express လုပ်ခြင်း ပညာပဲ။အယ်… အဲ့လို express လုပ်ရင်း တစ်ခါတစ်လေ လက်လွန်ကြက်သွန်ပြီး joker လိုလို မီးပွိုင့်လိုလိုလဲ ဖြစ်သွားတတ်တယ်။ အဲ့ကျတော့ မလိုသူတွေ ဝင်ဖောင်းထုတာ ခံပေဦးပေါ့။ ဒါပေမယ့် သူတို့ တစ်ချက် မတွေးမိတာက အဲ့မိတ်ကပ်တွေက ကိုယ်မကြိုက်လို့ ဖျက်လိုက်ရင် before ပုံချက်ချင်းပြန်ဖြစ်နိုင်ပေမယ့် သူတို့ရဲ့ သူများအပေါ် ရှုံ့ချချင်တဲ့ စိတ်တွေကတော့ ဘယ်လိုဖျက်ဖျက် ဖျက်လို့မပြောင်တော့တာပဲ။”

“နေခြည်တို့ကိုယ်တိုင်က မိတ်ကပ်လိမ်းတဲ့နေရာမှာ perfect ဖြစ်မနေပါဘူး။ မိတ်ကပ်လိမ်းတယ်ဆိုတာ experiment တစ်ခုပြုလုပ်တာပဲ ဆိုတော့ ကိုယ်နဲ့ ဘယ်လိုအရောင် ဘယ်လိုပုံစံလေးတွေနဲ့ လိုက်မလား မလိုက်ဘူးလားဆိုတာ ကိုယ့်ဟာကိုယ် လိမ်းကြည့်မှ သိနိုင်မှာပေါ့။ ဒါကြောင့်အရောင်ဆန်းဆန်းတွေ လိမ်းကြည့်ဖို့လဲ ဘာမှမကြောက်နဲ့ မိတ်ကပ်အများကြီး တင်ကြည့်ဖို့လဲ မလန့်နဲ့ tattoo ထိုးတာမှ မဟုတ်တာ ကြိုက်တဲ့အချိန်ပြန်ဖျက်လို့ရတယ်။ မိမိကြိုက်နှစ်သက်သက်တဲ့ အလှကို မိတ်ကပ်နဲ့ မိမိဘာသာ စိတ်ကြိုက်ဖန်တီးကြည့်ဖို့ ဘာမှမကြောက်နဲ့နော်။” ဆိုပြီး ပြောထားပါတယ်။

နေခြည်ကတော့ အလှပြင်ရင်းနဲ့ ဘဝအတွေးအခေါ်နဲ့ ပက်သတ်ပြီး သူမခံစားရတာ တစ်ခုကို မျှဝေထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Nay Chi Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!