

 


 

 


 

 

Source: Yan Yan Chan ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဘာသာရေးနဲ့ပတ်သက်တဲ့ အမုန်းတရားတွေ မပြောကြဖို့ တောင်းဆိုလိုက်တဲ့ ရန်ရန်ချမ်း

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Rap အဖွဲ့ဖြစ်တဲ့ ACID အဖွဲ့ရဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရန်ရန်ချမ်းက သူ့ရဲ့ ခင်မင်ရတဲ့သူငယ်ချင်း အဆိုတော် J Me အတွက် စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ J Me ဟာ ဘာသာရေးအခမ်းအနားတစ်ခုမှာ Covid – 19 ရောဂါပိုးရှိသူနဲ့အတူတူ ရှိနေခဲ့ပြီး လက်ရှိမှာတော့ အစိုးရရဲ့ စီမံမှုနဲ့ စောင့်ကြည့်ခံနေရတာပဲ ဖြစ်ပါတယ်။ ရန်ရန်ချမ်းကတော့ သူ့ရဲ့ သူငယ်ချင်း J Me အတွက် စိတ်မကောင်းစွာနဲ့ ပရိသတ်တွေကို အခုလိုပဲ တောင်းဆိုထားပါတယ်။

“ငါတို့တွေဘာသာရေးနဲ့ပတ်သက်တဲ့အမုန်းတရားတွေမပြောကြကြေးကွာ။ မင်းတို့ငါတို့ချစ်ရတဲ့သူငယ်ချင်းတွေက တနင်္ဂနွေနေ့တိုင်းဘုရားကျောင်းတက်တဲ့ကောင်နဲ့ သောကြာနေ့တိုင်းပလီတက်တက်ကောင်နဲ့ ငါတို့ကြိုက်တဲ့အမဲသားကို မစားတဲ့ကောင်နဲ့ ဆိုတော့ ပြသာနာကခုဒုက္ခပေးနေတဲ့ virus။ ငါတို့ချစ်ရခင်ရတဲ့သူငယ်ချင်းတွေရဲ့ယုံကြည်တဲ့ကိုးကွယ်မှုတွေမဟုတ်ဘူးလေ။ သူတို့နေပြန်ကောင်းဖို့အရေးအကြီးဆုံးပဲဟုတ်ဘူးလား။” ဆိုပြီး ဖျောင့်ဖြထားပါတယ်။

ရန်ရန်ချမ်းကတော့ သူငယ်ချင်း J Me နဲ့တကွ လူနာတွေအတွက် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းနေတာပဲ ဖြစ်ပါတယ်။ ရန်ရန်ချမ်းပြောသလိုပဲ တစ်ယောက်နဲ့တစ်ယောက် သွေးမကွဲပဲ စည်းစည်းလုံးလုံးနဲ့ ဒီရောဂါဆိုးကြီးကို အတူတူ ကျော်ဖြတ်ရအောင်နော်။

Source: Yan Yan Chan ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!