“ပိုးကူးစက္ခံရၿပီး Quarantine ဝင္ေနရတဲ့ မ်ိဳးႀကီးအတြက္ ဆုေတာင္းစကားဆုိလာတဲ့ ေစာလားေထာ္ဝါး”

Myanmar Idol Season(1)ရဲ႕ Winner ဆုရွင္ ေစာလားေထာ္ဝါးကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီး ၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ေစာလားေထာ္ဝါးကို ပရိသတ္ေတြက ခ်စ္စနိုး နဲ႕ လားလားလို႕ ေခၚခဲ့ၾကၿပီး အသံခ်ိဳခ်ိဳေအးေအးနဲ႕ ရိုးသားတဲ့ စိတ္ေနစိတ္ထားတို႕ေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြကို ရရွိေနသူ ပဲျဖစ္ပါတယ္..။ အနုပညာအလုပ္ေတြကို ခ်စ္ရတဲ့ မိသားစုနဲ႕ ပရိသတ္ေတြအတြက္ ႀကိဳးစားလုပ္ကိုင္ေနသူလို႕ ေျပာရင္မွားမယ္  မထင္ပါဘူးေနာ္..။

 

 

 

လားလားက မၾကာေသးခင္ကမွာ ခ်စ္ရတဲ့ ညီမငယ္ေလးရဲ႕ ဆံုးပါးမႈေၾကာင့္ ရင္ကြဲမတက္ခံစားခဲ့ရၿပီး အခုေတာ့ ခံစားခ်က္ေတြက ျပန္လည္ တည္ၿငိမ္သြားၿပီလုိ႕ ဆိုရမွာပါ..။ အနုပညာရွင္ေတြထဲကပါ ပိုးကူးစက္မႈေတြ ျဖစ္ေနတာေၾကာင့္ လူေတြအကုန္လံုးလည္း ဝမ္းနည္း စိတ္ပူေနရတဲ့ အခ်ိန္လို႕ ဆုိရမွာပါေနာ္..။ ဒီေန႕ ဧၿပီလ (၁၅)ရက္ေန႕မွာေတာ့ လားလားက ပိုးကူးစက္ခံေနရတဲ့ အဆုိေတာ္ မ်ိဳးႀကီးအတြက္ ဆုေတာင္းစကားေလးကို “ကိုမ်ိဳးႀကီး အရာရာအဆင္ေျပပါေစ” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

 

လားလားကေတာ့ ဂီတေလာကရဲ႕ နာမည္ႀကီး အနုပညာရွင္ျဖစ္တဲ့ မ်ိဳးႀကီးအတြက္ အရာရာအဆင္ေျပေစဖို႕ ဆုေတာင္းေပးခဲ့တာပဲျဖစ္ပါတယ္ေနာ္..။ Cele Connections ပရိသတ္ႀကီးလည္း ပိုးကူးစက္ခံရၿပီး Quarantine ဝင္ေနရတဲ့ မ်ိဳးႀကီးအတြက္ ဆုေတာင္းစကားေလးေတြကိုလည္း ေျပာေပးသြားၾကပါဦးေနာ္..။
Source: Saw Lah Htaw Wah’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ပိုးကူးစက်ခံရပြီး Quarantine ဝင်နေရတဲ့ မျိုးကြီးအတွက် ဆုတောင်းစကားဆိုလာတဲ့ စောလားထော်ဝါး”

Myanmar Idol Season(1)ရဲ့ Winner ဆုရှင် စောလားထော်ဝါးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီး ပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ စောလားထော်ဝါးကို ပရိသတ်တွေက ချစ်စနိုး နဲ့ လားလားလို့ ခေါ်ခဲ့ကြပြီး အသံချိုချိုအေးအေးနဲ့ ရိုးသားတဲ့ စိတ်နေစိတ်ထားတို့ကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိနေသူ ပဲဖြစ်ပါတယ်..။ အနုပညာအလုပ်တွေကို ချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်တွေအတွက် ကြိုးစားလုပ်ကိုင်နေသူလို့ ပြောရင်မှားမယ် မထင်ပါဘူးနော်..။

လားလားက မကြာသေးခင်ကမှာ ချစ်ရတဲ့ ညီမငယ်လေးရဲ့ ဆုံးပါးမှုကြောင့် ရင်ကွဲမတက်ခံစားခဲ့ရပြီး အခုတော့ ခံစားချက်တွေက ပြန်လည် တည်ငြိမ်သွားပြီလို့ ဆိုရမှာပါ..။ အနုပညာရှင်တွေထဲကပါ ပိုးကူးစက်မှုတွေ ဖြစ်နေတာကြောင့် လူတွေအကုန်လုံးလည်း ဝမ်းနည်း စိတ်ပူနေရတဲ့ အချိန်လို့ ဆိုရမှာပါနော်..။ ဒီနေ့ ဧပြီလ (၁၅)ရက်နေ့မှာတော့ လားလားက ပိုးကူးစက်ခံနေရတဲ့ အဆိုတော် မျိုးကြီးအတွက် ဆုတောင်းစကားလေးကို “ကိုမျိုးကြီး အရာရာအဆင်ပြေပါစေ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

လားလားကတော့ ဂီတလောကရဲ့ နာမည်ကြီး အနုပညာရှင်ဖြစ်တဲ့ မျိုးကြီးအတွက် အရာရာအဆင်ပြေစေဖို့ ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်နော်..။ Cele Connections ပရိသတ်ကြီးလည်း ပိုးကူးစက်ခံရပြီး Quarantine ဝင်နေရတဲ့ မျိုးကြီးအတွက် ဆုတောင်းစကားလေး  တွေကိုလည်း ပြောပေးသွားကြပါဦးနော်..။
Source: Saw Lah Htaw Wah’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!