Source: Si Thu Maung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
တတွဲတွဲနဲ့ အလုပ်တွေအတူတူ လုပ်ကိုင်ဖူးသူ အနုပညာရှင်တစ်ယောက် Covid – 19 ကူးစက်ခံနေရတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်နေတဲ့ စည်သူမောင်
သွားတက်ကလေးနဲ့ မိန်းကလေးတိုင်း ကြိုက်ခဲ့ရတဲ့ မင်းသားချော စည်သူမောင်က အသက်အရွယ်တစ်ခုရောက်ရှိချိန်မှာတော့ အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စည်သူမောင်က သူနဲ့ အရင်တုန်းက တတွဲတွဲ သရုပ်ဆောင်ခဲ့ဖူးတဲ့ အနုပညာရှင်တစ်ယောက် Covid – 19 ရောဂါ ကူးစက်ခံနေရတဲ့ သတင်းဆိုးကြောင့် စိတ်မကောင်းဖြစ်နေကြောင်းကို အခုလိုပဲ ပြောထားပါတယ်။
“စိတ်မကောင်းပါဘူး။ အရင်လိုကိုယ်နဲ့ တတွဲတွဲမဆုံဖြစ်ကြပေမယ့် အနုပညာအလုပ်တွေတူတူလုပ်ခဲ့၊ အရမ်းရင်းနှီးခဲ့ဖူးသူလဲဖြစ်၊ သူမှမဟုတ် ဘယ်သူ့ကိုမှ မဖြစ်စေချင်တာ။ အမြန်ဆုံးသက်သာကျန်းမာပါစေ။” ဆိုပြီး စိတ်မကောင်းခြင်းများစွာနဲ့ ဆုတောင်းစကားလေး ပြောထားပါတယ်။
စည်သူမောင်ကတော့ သူနဲ့ အလုပ်တွေ လုပ်ခဲ့ဖူးတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ သတင်းဆိုးအတွက် တော်တော်လေး ဝမ်းနည်းနေရတာ ဖြစ်ပါတယ်။ Covid – 19 ရောဂါ ကူးစက်ခံနေရသူအားလုံး အမြန်ဆုံး ကျန်းမာကြပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Si Thu Maung’s fb
Bilie – Cele Connections
error: Alert: Content is protected !!