

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ချစ်သူရဲ့ အပြုံးကြောင့် အလုပ်တွေ အကောင်းဆုံးကြိုးစားခဲ့တာပါဆိုတဲ့ နက္ခတ်”

 

 

MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “အရိပ်”ဇာတ်ကားတွေ ကျော်ထွန်းညိုအဖြစ်သရုပ်ဆောင်တဲ့ နက္ခတ်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နက္ခတ်ကတော့ ဇာတ်ကားတိုင်းလိုလို ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူရဲ့အချစ်ရေးဟာဆိုရင် အရမ်းကို ချစ်ခင်ယုယပြီးနားလည်မှုအပြည့်ပေးထားတဲ့ ကောင်မလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။

 

 

ကိုရိုနာရောဂါတွေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားကာ အိမ်မှာနေရင်း ချစ်သူရဲ့အမှတ်တရပုရိပ်လေးတွေနဲ့ သူရဲ့ဇာတ်ကားတွေရဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ နက္ခတ်က”ကိုယ့်ရဲ့ အလုပ်အပေါ်မှာ နားလည်မှု အမြဲပေးတဲ့သူမ၊အမြဲ ပြုံးပြုံးလေးနေတတ်တဲ့ သူမ၊မင်းသမီးလေးတွေ ကိုလဲ အရမ်းချစ်တတ်တဲ့ သူမ၊ကိုယ် အလုပ် အပေါ်မှာ အကောင်းဆုံးကြိုးစားနိုင်ခဲ့တာတွေဟာ လဲ မင်းရဲ့ အပြုံးလေးတွေ ကြောင့်ပါပဲ”လို့ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူရဲ့ချစ်သူအပြုံးတွေကြောင့်သာ အလုပ်တွေကြိုးစားနိုင်ခဲ့တဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် နက္ခတ်ရဲ့ ချစ်သူရဲ့ပုံရိပ်လေးတွေကို  ပြန်လည်ပြီမျှ ဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း နက္ခတ်တို့  စုံတွဲကိုကြည့်ပြီး  အားကျနေကြမယ်လို့ ထင်ပါတယ်။

Soure…Nat Khat’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!