Source: Naing Zaw’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
Mask တပ်ပြီး Channel တွေမှာ လူစုလူဝေးနဲ့ ဖျော်ဖြေတာမှုကို ရှုံ့ချလိုက်တဲ့ နိုင်ဇော်
အခုလက်ရှိ သင်္ကြန်ကာလမှာ မဏ္ဍပ်တွေမပြုလုပ်ရပေမယ့် အနုပညာရှင်တွေအနေနဲ့ နေအိမ်မှာပဲ Live လွှင့်ပြီး သီချင်းဆိုပြတာတွေရှိသလို၊ အချို့ကတော့ Quarantine ဝင်နေသူတွေကို ဖျော်ဖြေပေးနေတာမျိုးတွေရှိပါတယ်။ ဂီတာ နိုင်ဇော်ကတော့ သူ့အနေနဲ့ လူစုလူဝေးနဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်တာကို ဆန့်ကျင်သလို သင်္ကြန်အကြိုနေ့က စတင်ခဲ့တဲ့ TV Channel မှာ ဖျော်ဖြေမှုတွေကို ရှုံ့ချကြောင်း အခုလိုပဲ ပြောလာပါတယ်။
“ပြန်ကြားရေးဝန်ကြီးပျော့တော့ အဲလိုဖြစ်ကုန်တာဘဲလို့ယူဆပါတယ်။ အစောကြီးထဲကသူစပြီး channelတွေ mediaတွေကို လူမစုပါနဲ့ဖျော်ဖြေရေးမလုပ်ပါနဲ့ ကြေငြာထားရမှာ။ ကြည့်လို့လဲအဆင်မပြေတဲ့အပြင် အရှက်ခွဲနေသလိုပါဘဲ။ လိုအပ်လို့လားပြီးတော့လဲ ဒါတွေက ကျက်သရေလဲမရှိဘူးထင်ပါတယ်။ အတိတ်နမိတ်လည်းမကောင်းပါဘူး။ ( channelပိုင်ရှင်တွေ maskမပါဘဲကပြတာဆိုတော်သေး) ကမ္ဘာကကြည့်တော့လည်းပေါက်ကရတွေ အငတ်ကြမ်းတယ်အထင်ခံရဦးမယ်။ မကြာခင်အဲဒီကထပ်ပြီး အသံမကြားချင်ဘူး။ ဆရာဝန်တွေအလုပ်ရှုပ်တယ်။ လူညံ့တွေ ကြောင့်လူတော်တွေနာတယ်။” ဆိုပြီး ပြောလာပါတယ်။
နိုင်ဇော်ကတော့ တစ်နိုင်ငံလုံးကလူတွေရဲ့ ကျန်းမာရေးအတွက် အခုလို Mask တပ်၊ လက်အိတ်စွမ်ပြီး စင်ပေါ်မှာ ဖျော်ဖြေတာကို မကြိုက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော နိုင်ဇော်ပြောတာကို ဘယ်လိုသဘောရလဲ ပြောပြခဲ့ပါဦးနော်။
Source: Naing Zaw’s fb
Bilie – Cele Connections
error: Alert: Content is protected !!