Source : Aung Min Khant
ယူနီကုတ်ဖြင့်ဖတ်ရန်
” Covid 19 ရောဂါပိုးကူးစက်ခံလိုက်ရတဲ့ အဆိုတော်မျိုးကြီးအတွက် ဆို့နင့်ကြေကွဲကာ ယူကြုံးမရဖြစ်နေတဲ့ အောင်မင်းခန့် ”
CeleConnections ပရိသတ်ကြီးရေ အောင်မင်းခန့်ကတော့ MRTV –(4) ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေစတင်သတိထားမိလာသူလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတဲ့ “ ထာဝရမန္တလေး ” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ခဲ့ကာ ပရိသတ်တွေ စတင်သတိထားမိလာခဲ့တာလို့ ဆိုရမှာပါ။
အောင်မင်းခန့် ပါဝင်ခဲ့တဲ့ဇာတ်လမ်းတွဲ ေတွေကတော့ ” မနေ့ကဖြစ်သည် (၂)” ၊ဝိဉာဉ်ရှိုက်သံ ၊ ရတနာထဲကရတနာ၊ဝင်္ကပါစံအိမ်၊ “ပဉ္စလက်ရွာ “စတဲ့ ဇာတ်လမ်းတွဲ တွေ အများကြီးမှာ ပါဝင်ထားပြီး “ပဉ္စလက်ရွာ “ဇာတ်လမ်းတွဲမှာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ရိုးစစ်ဆိုတဲ့ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
မကြာသေးမီကလည်း မျက်လုံးမှာ အလွမ်းနှုတ်ခမ်းမှာ မာန ဇာတ်ကားမှာတော့ အောင်မှန်းဆို တဲ့ ဇာတ်ကောင် နေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး ယောကျာ်းပီသတဲ့ဘော်ဒီ ဆွဲဆောင်မှုရှိတဲ့အပြုံး တွေကြောင့် မိန်းကလေးပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်လက်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင်လက်ရှိမှာဖြစ်ပွားနေတဲ့ Covid 19 ပတ်သက်ပြီး ထိပ်ဆုံးကနေ ဆောင်ရန်ရှောင်ရန်အပြင် တကျမှန်ကန်တဲ့သတင်းတွေကိုဝေမျှလျက်ရှိတဲ့ အနုပညာရှင်တစ်ဦးပါ။ယခုဆိုရင်Covid19 ဖြစ်ပွားတဲ့သူ စုစုပေါင်း (၆၂)ယောက်ထိရှိလာတာပဲ ဖြစ်ပါတယ်။ ဖြစ်ပွားနေတဲ့အထဲမှာ အဆိုတော်မျိုးကြီးလည်းပါဝင်နေတာဖြစ်ပြီး အောင်မင်းခန့်ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ” ကျနော် အရမ်းကြိုက်တဲ့ အဆိုတော် …..မဖြစ်ပါနဲ့ ဘယ်သူမှထပ်မဖြစ်ကြပါစေနဲ့တော့ “ဆိုကာ ဆို့နင့်ဝမ်းနည်းစွာတင်လာခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnectons ပရိသတ်ကြီးလည် အောင်မင်းခန့်လိုခံစားမိရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : Aung Min Khant
Candy –Cele Connections
error: Alert: Content is protected !!