” ႏုိင္သေလာက္ေလး ပတ္ဝန္းက်င္ကလူႀကီးသူမေတြကို လွဴဒါန္းခဲ့တဲ့ ျဖဴျဖဴေထြးရဲ႕ ဗီဒီယိုဖိုင္

CeleConnections ပရိသတ္ႀကီးေရ ျဖဴျဖဴေထြးဟာ ဟာသဗီဒီယိုဖိုင္ေလးေတြ တင္ရင္း လူအမ်ားရဲ႕သတိျပဳမိျခင္းကိုခံရၿပီးအခ်ိန္တိုအတြင္းေအာင္ျမင္လာသူေလးပါ။ သူမရဲ႕ျဖဴစင္တဲ့မ်က္ႏွာေလးနဲ႔ ေဖာ္ေ႐ြတဲ့စိတ္ထားေလးေၾကာင့္သူမကိုခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြလည္း မ်ားစြာရွိေနၿပီပဲ ျဖစ္ပါတယ္။ ခ်စ္ျခင္းနဲ႔မုန္းျခင္းဟာ အၿမဲဒြန္တြဲေနတယ္ဆိုတဲ့အတိုင္း သူမအေပၚခ်စ္တဲ့သူေတြရွိသလို မလိုလားတဲ့သူေတြလည္းရွိပါတယ္။

 

ျဖဴျဖဴေထြးကေတာ့ သူမရဲ႕ဇာတိရပ္႐ြာမွာလည္း အလွဴအတန္းေတြ တတ္အားသ၍လုပ္ေဆာင္ေနသူလည္း ျဖစ္ပါတယ္။ သူမရဲ႕ ရုိးသားပြင့္လင္းတဲ့ စိတ္ေလးအျပင္ မိဘေဆြမ်ိဳးေတြအေပၚရုိေသကိုင္းရွဳိင္းတဲ့စိတ္ေလးေၾကာင့္ ေအာင္ျမင္မႈေတြပိုရရွိလာတယ္ဆိုတာ မွားမယ္မထင္ပါဘူးေနာ္။

ျဖဴျဖဴေထြးတစ္ေယာက္ ေဝဖန္မႈေတြကိုလည္း အၿပဳံးမပ်က္ဆက္လက္ရင္ဆိုင္ရင္းအခုဆိုေၾကာ္ျငာ ၊MV ေတြအျပင္ ရုပ္ရွင္ဇာတ္ေတြလည္း ရုိက္ကူးေနရၿပီပဲျဖစ္ပါတယ္။ ျဖဴျဖဴေထြးလို႕ ပရိသတ္ေတြသိရွိလာတဲ့အခ်ိ္န္ကထက္ ပိုမိုၾကည့္ေကာင္းၿပီး အရမ္းေတြလွလာတဲ့ ျဖဴျဖဴေထြးကေတာ့ လက္ရွိမွာလည္း သူမတတ္နဳိင္သမွ် ပတ္ဝန္းက်င္က လူႀကီးသူမေတြကိုတတ္ႏုိင္သေလာက္အလွဴေတြျပဳလုပ္ကာ လွဴဒါန္းေနတဲ့ဗီဒီယိုဖိုင္ေလးကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးလည္း မြန္ျမတ္လွတဲ့ ျဖဴျဖဴေထြးရဲ႕ ဗီဒီယိုဖိုင္ေလးကို ၾကည့္ၿပီး သေဘာက်ရင္ သာဓုေခၚခဲ့ပါဦးေနာ္။

Source – Phyu Phyu Htwe
Candy –CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” နိုင်သလောက်လေး ပတ်ဝန်းကျင်ကလူကြီးသူမတွေကို လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်

CeleConnections ပရိသတ်ကြီးရေ ဖြူဖြူထွေးဟာ ဟာသဗီဒီယိုဖိုင်လေးတွေ တင်ရင်း လူအများရဲ့သတိပြုမိခြင်းကိုခံရပြီးအချိန်တိုအတွင်းအောင်မြင်လာသူလေးပါ။ သူမရဲ့ဖြူစင်တဲ့မျက်နှာလေးနဲ့ ဖော်ရွေတဲ့စိတ်ထားလေးကြောင့်သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း များစွာရှိနေပြီပဲ ဖြစ်ပါတယ်။ ချစ်ခြင်းနဲ့မုန်းခြင်းဟာ အမြဲဒွန်တွဲနေတယ်ဆိုတဲ့အတိုင်း သူမအပေါ်ချစ်တဲ့သူတွေရှိသလို မလိုလားတဲ့သူတွေလည်းရှိပါတယ်။

ဖြူဖြူထွေးကတော့ သူမရဲ့ဇာတိရပ်ရွာမှာလည်း အလှူအတန်းတွေ တတ်အားသ၍လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်လေးအပြင် မိဘဆွေမျိုးတွေအပေါ်ရိုသေကိုင်းရှိုင်းတဲ့စိတ်လေးကြောင့် အောင်မြင်မှုတွေပိုရရှိလာတယ်ဆိုတာ မှားမယ်မထင်ပါဘူးနော်။

ဖြူဖြူထွေးတစ်ယောက် ဝေဖန်မှုတွေကိုလည်း အပြုံးမပျက်ဆက်လက်ရင်ဆိုင်ရင်းအခုဆိုကြော်ငြာ ၊MV တွေအပြင် ရုပ်ရှင်ဇာတ်တွေလည်း ရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။ ဖြူဖြူထွေးလို့ ပရိသတ်တွေသိရှိလာတဲ့အချိန်ကထက် ပိုမိုကြည့်ကောင်းပြီး အရမ်းတွေလှလာတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာလည်း သူမတတ်နိုင်သမျှ ပတ်ဝန်းကျင်က လူကြီးသူမတွေကိုတတ်နိုင်သလောက်အလှူတွေပြုလုပ်ကာ လှူဒါန်းနေတဲ့ဗီဒီယိုဖိုင်လေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း မွန်မြတ်လှတဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး သဘောကျရင် သာဓုခေါ်ခဲ့ပါဦးနော်။

Source – Phyu Phyu Htwe
Candy –CeleConnections

error: Alert: Content is protected !!