ၾကည့္ရႈသူပရိသတ္တိုင္း မ်က္ရည္မဆည္နိုင္ျဖစ္ခဲ့ရတဲ့ “ဆူးပန္းေခြၾကာဘယက္နွင့္ေပရြက္လိပ္နားေတာင္းဆင္” ဇာတ္သိမ္းပိုင္း

ပရိသတ္ၾကီး ညစဥ္ညတိုင္း ေစာင့္ေမွ်ာ္အားေပးခဲ့ရတဲ့ “ဆူးပန္းေခြၾကာဘယက္နွင့္ေပရြက္လိပ္နားေတာင္းဆင္” ဇာတ္လမ္းတြဲၾကီးက မေန့က အပိုင္း (၄၃) မွာ ဇာတ္သိမ္းသြားခဲ့တာ ျဖစ္ပါတယ္။ ဇာတ္သိမ္းပိုင္းမွာ ေတာသားလူရိုးၾကီး ကိုၾကာစြယ္ ဆရာမေလး မပုန္းရည္ကို လြမ္းဖ်ားလြမ္းနာက်ျပီး ေနာက္ဆံုးပါ အသက္ပါ ဆံုးရႈံးခဲ့ရတာပဲ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ ကိုၾကာစြယ္အျဖစ္ သရုပ္ေဆာင္ထားတဲ့ ခန့္စည္သူက အမွတ္္တရစားေလး ေျပာထားပါတယ္။

 

 

“မပုန္းရည္ရယ္.. ခုဆိုရင္ နတ္ေရကန္႐ြာထိပ္က ၾကာကန္ႀကီးေျမာက္ဖက္က ထေနာင္းပင္ေအာက္ကို ဘယ္သူမွ မသြားရဲၾကေတာ့ဘူးတဲ့။ ကိုၾကာစြယ္ႀကီး ေသထားေတာ့ သူရဲေျခာက္ခံရမွာ စိုးလို႔တဲ့ေလဗ်ာ။ ဗ်ိဳ႕….လွအုန္းမယ္.. ခင္ဗ်ားလည္း နတ္ေရကန္မယ္ေတာ္ႀကီးကို မွာေပးထားပါအုံးေနာ္။ ကိုၾကာစြယ္ႀကီးကို အဲ့ဒီမွာ ေစာင့္ေရွာက္ထားလိုက္ပါလို႔။” ဆိုျပီး စိတ္မေကာင္းစကားေလး ဆုိထားပါတယ္။

 

 

“ဆူးပန္းေခြၾကာဘယက္နွင့္ေပရြက္လိပ္နားေတာင္းဆင္” ဇာတ္လမ္းတြဲက စာေရးဆရာမၾကီး ခင္ခင္ထူးရဲ့ နာမည္ၾကီးဝတၳဳကို ရိုက္ကူးထားတာျဖစ္ျပီး ပရိသတ္ အားေပးမႈကို တစ္ခဲနက္ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ မေန့က ဇာတ္သိမ္းပိုင္းမွာ ကုိၾကာစြယ္ကိုၾကည့္ျပီး မ်က္ရည္ေတြက်မိေသးရဲ့လား ေျပာျပပါဦးေနာ္။

 

 

Source: Khant Sithu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကြည့်ရှုသူပရိသတ်တိုင်း မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့ “ဆူးပန်းခွေကြာဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်” ဇာတ်သိမ်းပိုင်း

ပရိသတ်ကြီး ညစဉ်ညတိုင်း စောင့်မျှော်အားပေးခဲ့ရတဲ့ “ဆူးပန်းခွေကြာဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲကြီးက မနေ့က အပိုင်း (၄၃) မှာ ဇာတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်သိမ်းပိုင်းမှာ တောသားလူရိုးကြီး ကိုကြာစွယ် ဆရာမလေး မပုန်းရည်ကို လွမ်းဖျားလွမ်းနာကျပြီး နောက်ဆုံးပါ အသက်ပါ ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကိုကြာစွယ်အဖြစ် သရုပ်ဆောင်ထားတဲ့ ခန့်စည်သူက အမှတ်တရစားလေး ပြောထားပါတယ်။

“မပုန်းရည်ရယ်.. ခုဆိုရင် နတ်ရေကန်ရွာထိပ်က ကြာကန်ကြီးမြောက်ဖက်က ထနောင်းပင်အောက်ကို ဘယ်သူမှ မသွားရဲကြတော့ဘူးတဲ့။ ကိုကြာစွယ်ကြီး သေထားတော့ သူရဲခြောက်ခံရမှာ စိုးလို့တဲ့လေဗျာ။ ဗျို့….လှအုန်းမယ်.. ခင်ဗျားလည်း နတ်ရေကန်မယ်တော်ကြီးကို မှာပေးထားပါအုံးနော်။ ကိုကြာစွယ်ကြီးကို အဲ့ဒီမှာ စောင့်ရှောက်ထားလိုက်ပါလို့။” ဆိုပြီး စိတ်မကောင်းစကားလေး ဆိုထားပါတယ်။

“ဆူးပန်းခွေကြာဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲက စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ နာမည်ကြီးဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ် အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော မနေ့က ဇာတ်သိမ်းပိုင်းမှာ ကိုကြာစွယ်ကိုကြည့်ပြီး မျက်ရည်တွေကျမိသေးရဲ့လား ပြောပြပါဦးနော်။

Source: Khant Sithu’s fb
Bilie – Cele Connections

error: Alert: Content is protected !!