


 

 


Source : Htin Aung Tun
ယူနီကုတ်ဖြင့်ဖတ်ရန်

” ( ၂၀၂၀ ) Stay Home သင်္ကြန်မှာ အိမ်ကနေပဲ ချစ်တဲ့သူတွေကို ရေလောင်းလိုက်တယ်ဆိုတဲ့ ထွန်းထွန်းရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ ထွန်းထွန်းကတော့ တစ်ခေတ်တစ်ခါက မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါ အားပေးခြင်းခံခဲ့ရတဲ့ ယောကျာ်းလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ” Examplex ” အဖွဲ့ဝင်တစ်ယောက်ပါ။သူ့ရဲ့ သီချင်းတွေကိုပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆုကို ဆွတ်ခူးထားနိုင်သူတစ်ယောက်ပါ။

ဒါအပြင်ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်တော်တော်များများရဲ့ ချီးကျူးအားပေးခြင်းကိုခံရသူပဲ ဖြစ်ပါတယ်။ ထွန်းထွန်းကတော့ နှင်းဆီအငြိမ့်ရဲ့အဖွဲ့ဝင်တစ်ယောက်လို့လည်းဆိုရမှာပါ။

ဒီနေ့မှာတော့ သင်္ကြန်နဲ့ပတ်သက်ပြီး ” ၂၀၂၀ Stay Home သင်္ကြန်မှာ အိမ်ကနေပဲမိတ်ဆွေတို့ကို ရေလောင်းလိုက်ပါတယ်ဗျာ..ဒီတိုင်းCamera ကြီးကို ပက်ရမှာပျင်းလို့နည်းနည်းကလိထားတာ…အဆုံးထိကြည့်ပေးကြပါဗျိုး…အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ” ဆိုတဲ့ စာလေးနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဗီဒီယိုဖိုင်လေးနဲ့တကွဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ထွန်းထွန်းလို အိမ်ထဲမှာနေပြီး ချစ်တဲ့သူတွေကို ရေလောင်းနေကြရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Htin Aung Tun
Candy CeleConnections

error: Alert: Content is protected !!