

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

တော်ရုံတန်ရုံလူ လိုက်မလုပ်နိုင်တဲ့ ထွန်းထွန်းရဲ့ ဒိုက်ထိုးရင်းနဲ့ဆော့တဲ့ Tik Tok ဗီဒီယို

နိုင်ငံကျော် အကယ်ဒမီ မင်းသားတစ်လက်ဖြစ်တဲ့ ထွန်းထွန်းကတော့ အသက် သုံးဆယ်ကျော်သည့်တိုင် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် နေထိုင်နေဆဲ ဖြစ်ပါတယ်။ ထွန်းထွန်းက အနုပညာလုပ်ငန်းမလုပ်တဲ့ သူ့ရဲ့အားလပ်ချိန်တော်တော်များများကို ရုပ်ရှင်ရိုက်လိုက်၊ သူငယ်ချင်းတွေနဲ့တွေ့လိုက်၊ အားကစားတွေလုပ်လိုက်နဲ့ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ထွန်းထွန်းကို ဒိုက်ထိုးရင်းနဲ့ ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုလေးတစ်ပုဒ်ကို မျှဝေပေးထားပါတယ်။ ထွန်းထွန်းရဲ့ Tik Tok ကတော့ ကြည့်လို့ကောင်းပြီး လိုက်လုပ်ချင်စိတ်ကိုလည်း ဖြစ်ပေါ်စေတာမို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ထွန်းထွန်းရဲ့ Tik Tok ဗီဒီယိုကတော့ တော်ရုံတန်ရုံလူ လိုက်လုပ်ဖို့တောင် မလွယ်ပါဘူးနော်။ ပရိသတ်ကြီးလည်း ထွန်းထွန်းရဲ့ အမိုက်စား ဗီဒီယိုလေးကိုကြည့်ပြီး ကျေနပ်သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Htin Aung Tun’s fb
Bilie – Cele Connections

error: Alert: Content is protected !!