

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကော်ဖီနဲ့ အချစ်တို့ရဲ့ အဓိပ္ပါယ်ကို နှိုင်းယှဉ်ကာ သူမရဲ့ခံစားချက်လေးကို ရင်ဖွင့်လိုက်တဲ့ မေမြင့်မိုရ်”

MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “အရိပ်”ဇာတ်ကားတွေ စုစုလှိုင်အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကိုတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ မေမြင့်မိုရ်လေးကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်အတိုင်း စိတ်ထဲနှစ်ကာ ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူမရဲ့ အချစ်ရေးကတော့ Single ဘဝနဲ့သာ ဖြတ်သန်းနေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

 

မေမြင့်မိုရ်ကတော့အလွမ်းအဆွေးကပ်ပရှင်းလေးတွေရေးကာ သူမရဲ့ ချောမောလှပတဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မေမြင့်မိုရ်လေးက”Coffee ကြိုက်တဲ့သူဟာပူပူအေးအေး ကြိုက်မှာ ပဲ၊မိုးရာသီမှာ coffee ပူလေးကရင်ကိုနွေးထွေးစေသလိုဆောင်းရာသီဆို ချမ်းအေးခြင်းဝေးလို့နွေရာသီမှာတော့ Coffee အေးလေးအဖြစ်ပေါ့။ဒီလိုပါပဲ လူတစ်ယောက်ကိုချစ်တယ်ဆိုတာ အဲ့ဒီလူနဲ့ နီးနီးဝေးဝေး ချစ်နေမှာဘဲသူနဲ့ နီးနီးလေးမှာ ရှိသည်ဖြစ်စေသူနဲ့ အဝေးကြီးမှာ ရှိသည်ဖြစ်သူဖြစ်တည် တည်ရှိနေတာလေးကိုပဲ ချစ်နေမိတာပါပဲ”လို့ဆိုကာ သူမရဲ့ ခံစားချက်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး ခံစားချက်လေးတွေရေးကာ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ ခံစားချက်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မေမြင့်မိုရ်ရဲ့ ခံစားချက်လေးနဲ့ ထပ်တူကျမယ်လို့ ထင်ပါတယ်။

Soure…. May Active World’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!