

 

 

 


 

 

 




ယူနီကုဒ်ဖြင့် ဖတ်ရန်

“အွန်လိုင်းပေါ်က မိန်းကလေးတွေကြားမှာ ခေတ်စားနေတဲ့ Pillow Challenge လေးကို လက်ခံလိုက်တဲ့ ပတ်ထရစ်ရှာ”

ဘိုမရုပ်လေးလို ချောမောတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အားပေးမှုတွေကို “မကြွေပါနဲ့ ဆာကူရာ်” ဇာတ်ကားလေးနဲ့ သိမ်းပိုက်ရရှိသွားပြီး ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ သူမရဲ့အကျင့်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူလေးဆိုရင်လည်း မမှားပါဘူးနော်..။ အမြဲပေါ့ပါးလန်းဆန်းတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ မိမိုက်နေတဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။

ဧပြီလ (၁၃)ရက်နေ့မှာတော့ ပတ်ထရစ်ရှာလေးက အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ Pillow Challenge လေးကို လက်ခံပြီး ရိုက်ထားတဲ့ သူမရဲ့ အမိုက်စားပုံရိပ်လေးတွေကို “Make it ..FASHION..”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ခေါင်းအုံးတစ်လုံးနဲ့ အမိုက်စား ဖက်ရှင်ဖြစ်သွားအောင် ဝတ်စားတဲ့ Challenge လေးက လက်ရှိ အွန်လိုင်းပေါ်က မနိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲဖြစ်ပါတယ်..။

ခေါင်းအုံးလေးနဲ့ အမိုက်စား ဖက်ရှင်ဒီဇိုင်းဖြစ်သွားအောင် ပိုစ့်အမျိုးမျိုးနဲ့ ရိုက်ထားတဲ့ ရှာရှာလေးကတော့ တကယ့်ကို မိမိုက်လွန်းနေပါတယ်နော် ပရိသတ်ကြီး ..။Cele Connections ပရိသတ်ကြီးအတွက် ခေါင်းအုံးတစ်လုံးနဲ့ဖက်ရှင်ကျ လှပနေတဲ့ ပတ်ထရစ်ရှာလေးရဲ့ ပုံရိပ်လေးကိုလည်း ပြန်လည်မျှဝေ ပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ဖက်ရှင်ကျ မိမိုက်နေတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာကို အားပေးချစ်ခင်ရင်  မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်..။
Source: Sue Sha Naing’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!