

 

 


 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အုန်းပင် Challenge ဆိုပြီး တော်ရုံလူ လိုက်မလုပ်နိုင်တဲ့ အမိုက်စား ယောဂပိုစ့်တွေ လုပ်ပြလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ကတော့ ပြီးခဲ့တဲ့ ဧပြီလ (၁၀)ရက်နေ့က အသက် (၄၁) နှစ် ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် လေးဆယ်ကျော်နေပြီဖြစ်ပေမယ့် လူငယ်လေးတစ်ယောက်လို နုပျိုသွက်လက်နေဆဲဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီတစ်ခေါက်မှာလည်း ပရိသတ်တွေ အံ့သြသွားရလောက်မယ့် အမိုက်စား Challenge တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

စိုင်းစိုင်းက ထို Challenge ကို အုန်းပင် Challenge လို့ နာမည်ပေးထားပြီး သူငယ်ချင်း မိုးမိုးကို ပြန်လည် စိန်ခေါ်ထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ထို Challenge မှာ အမိုက်စား ယောဂပိုစ့်တွေ လုပ်ပြခဲ့ပြီး အရွယ်နဲ့မလိုက်တဲ့ ပေါ့ပါးပျော့ပြောင်းမှုရှိကြောင်းကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ အုန်းပင် Challenge ကတော့ တော်ရုံတန်ရုံသူတွေ မလုပ်နိုင်မှာတော့ အသေအချာပါပဲ။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အုန်းပင် Challenge ကို မိုးမိုးတစ်ယောက် ဘယ်လိုတွေ ကြိုးစားလုပ်ပြမလဲ စောင့်ကြည့်ရမယ်နော်။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections

error: Alert: Content is protected !!