

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အိမ်မှာ မနေဘဲ အပြင်ထွက်ဖို့ ကြိုးစားနေတဲ့သူတွေကို ပညာသားပါပါလေး ပြောလိုက်တဲ့ မအေးသောင်း”

မြန်မာဆန်တဲ့ အလှတရားတွေနဲ့ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးချော မအေးသောင်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ မအေးသောင်းကတော့ အလှူအတန်းတွေကိုလည်း တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံး ပြုလုပ်လှူဒါန်းနေသလို အနုပညာအလုပ်တွေကိုလည်း အကောင်းကြိုးစားလုပ်ဆောင်နေတဲ့ သူပဲဖြစ်ပါတယ်..။မအေးသောင်းဟာ ကာရိုက်တာတိုင်းကို စိတ်နှစ်သရုပ်ဆောင်တတ်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါသေးတယ်နော်..။

မအေးသောင်းက လက်ရှိပျံ့နှံ့နေတဲ့ Covid 19 ဗိုင်းရပ်စ်ပိုးကြောင့် Maskတွေကို လိုအပ်နေတဲ့ ဆေးရုံတွေမှာ လှူဒါန်းမှုတွေကို ပြုလုပ်နေပြီး ပရိသတ်တွေကိုလည်း ကျန်းမာရေးညွှန်ကြားချက်များနဲ့အညီ အိမ်မှာ ပဲ နေထိုင်ကြဖို့ကို တိုက်တွန်းနေတဲ့သူပါ..။ ဧပြီလ (၁၃)ရက်နေ့မှာတော့ မအေးသောင်းက “အပြင်ခဏထွက်တာနဲ့ ကိုယ်နဲ့ကိုယ်ချစ်ရတဲ့သူတွေကို လဲမှာလား?????” ဆိုပြီး ပရိသတ်တွေဆီ မေးတဲ့မေးခွန်းလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မအေးသောင်းကတော့ ကိုယ့်ကိုယ်တိုင်နဲ့ မိသားစုကို မဆုံးရှုံးချင်ရင် မိမိကစ ကာကွယ်မှုတွေကို လုပ်ဆောင်နေထိုင်သင့်နေတဲ့ အချိန်လေးကို ပညာသားသားပါပါလေးနဲ့ သတိပေးလိုက်တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connecitons ပရိသတ်ကြီးလည်း မအေးသောင်းလေးရဲ့ မေးခွန်းလေးကို ဖတ်မိပြီး သတိရှိရှိလေး နေနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…။
Source: Aye Thaung’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!