“အခုအေျခအေနမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္ပုံခ်ၿပီး ဘာသာေရးအရ ေလွာင္ေျပာင္မႈေတြ လုပ္ရမယ့္ အခ်ိန္မဟုတ္ဘူးလို႕ ဆုိလာတဲ့ စမိုင္းလ္”

အလွဴအတန္းနဲ႕ ဘာသာေရး၊ လူမႈေရးအလုပ္ေတြမွာ ေရွ႕ဆံုးကေန ဦးေဆာင္ပါဝင္တဲ့ စမိုင္းလ္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။စမိုင္းလ္ကေတာ့ လက္ရွိ ပ်ံ႕ႏွံ႕ေနပိုးေၾကာင့္ ခက္ခဲကုန္တဲ့ အေျခအေနမွာလည္း လုိအပ္ေနတဲ့ ေနရာေတြအတြက္ ကူညီလွဴဒါန္းမႈေတြ ျပဳလုပ္ေနတဲ့သူ ပဲျဖစ္ပါတယ္..။ ကုိယ္တိုင္လည္း က်န္းမာေရး လမ္းညႊန္ခ်က္ေတြအတိုင္း ေနထိုင္ေနၿပီး ပရိသတ္ေတြလည္း ေနထိုင္နိင္ေအာင္ ကာကြယ္ေရးနည္းလမ္းေတြကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ မွ်ေဝတင္ေလ့ရွိသူပါ..။

 

 

ဒီေန႕ ဧၿပီလ (၁၄)ရက္ေန႕မွာေတာ့ စမိုင္းလ္က ကူးစက္ခံရသူသတင္းေတြေၾကာင့္ ဘယ္သူဘယ္ဝါေၾကာင့္ ဆိုတာထက္ ကိုယ္တိုင္ ကုိယ္ခံအားေကာင္းေနထိုင္ၿပီး သတိေလးနဲ႕ ေနထိုင္ၾကဖို႕ကို “Positive တိုင္းေတာ့ေသတာမဟုတ္ပါဘူး .. ။ ကိုယ္ခံအားေကာင္းမယ္ ။ ကိုယ့္မွာအရင္အခံေရာဂါမရွိဘူးဆိုရင္ ဒီေရာဂါႀကီးကို ျပန္လည္ခုခံႏိုင္မယ္ ထင္ပါတယ္။ အခုအခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္ပုံခ်ၿပီး ဘာသာေရးအရ ေလွာင္ေျပာင္မႈေတြ လုပ္ရမယ့္ အခ်ိန္မဟုတ္ပါဘူး။ ဒီေရာဂါက လူမ်ိဳး ဘာသာ အေရာင္ လူတန္းစားဘာမွမခြဲဘူး ျဖစ္ရင္အကုန္ျဖစ္ၾကပါမွာ။ အဓိကကေတာ့ ကိုယ့္ပတ္ဝန္းက်င္မွာ ျဖစ္ေနၿပီဆိုတာသိရင္ အေနအထိုင္အသြားအလာ အထူး သတိရွိၾကပါ။

 

 

လက္ကိုခနခနေဆးပါ mask အုပ္ပါ က်န္းမာေအာင္ေနပါ စည္းကမ္းလိုက္နာပါ” ဆုိၿပီး သူမရဲ႕ လူမႈ႕ကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္..။ တစ္ေယာက္အေပၚ တစ္ေယာက္အျပစ္ပံုခ်ၿပီး ေလွာင္ေျပာင္ေျပာဆိုေနရမယ့္ အခ်ိန္မဟုတ္ဘဲ ကိုယ့္ပတ္ဝန္းက်င္မွာ ေနထိုင္သြားလာမႈေတြကို သတိရွိၾကဖို႕ကို တိုက္တြန္းေျပာဆုိလာတာ ပဲျဖစ္ပါတယ္ေနာ္..ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း စမိုင္းလ္ကို ခ်စ္ခင္အားေပးရင္ သူမေျပာသလိုပဲ ေနထိုင္မယ္လို႕ ေမွ်ာ္လင့္ပါတယ္ေနာ္.. ။
Source: စမိုင္းလ္ Smile’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“အခုအခြေအနေမှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်ပုံချပြီး ဘာသာရေးအရ လှောင်ပြောင်မှုတွေ လုပ်ရမယ့် အချိန်မဟုတ်ဘူးလို့ ဆိုလာတဲ့ စမိုင်းလ်”

အလှူအတန်းနဲ့ ဘာသာရေး၊ လူမှုရေးအလုပ်တွေမှာ ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်တဲ့ စမိုင်းလ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။စမိုင်းလ်ကတော့ လက်ရှိ ပျံ့နှံ့နေပိုးကြောင့် ခက်ခဲကုန်တဲ့ အခြေအနေမှာလည်း လိုအပ်နေတဲ့ နေရာတွေအတွက် ကူညီလှူဒါန်းမှုတွေ ပြုလုပ်နေတဲ့သူ ပဲဖြစ်ပါတယ်..။ ကိုယ်တိုင်လည်း ကျန်းမာရေး လမ်းညွှန်ချက်တွေအတိုင်း နေထိုင်နေပြီး ပရိသတ်တွေလည်း နေထိုင်နိင်အောင် ကာကွယ်ရေးနည်းလမ်းတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေတင်လေ့ရှိသူပါ..။

ဒီနေ့ ဧပြီလ (၁၄)ရက်နေ့မှာတော့ စမိုင်းလ်က ကူးစက်ခံရသူသတင်းတွေကြောင့် ဘယ်သူဘယ်ဝါကြောင့် ဆိုတာထက် ကိုယ်တိုင် ကိုယ်ခံအားကောင်းနေထိုင်ပြီး သတိလေးနဲ့ နေထိုင်ကြဖို့ကို “Positive တိုင်းတော့သေတာမဟုတ်ပါဘူး .. ။ ကိုယ်ခံအားကောင်းမယ် ။ ကိုယ့်မှာအရင်အခံရောဂါမရှိဘူးဆိုရင် ဒီရောဂါကြီးကို ပြန်လည်ခုခံနိုင်မယ် ထင်ပါတယ်။ အခုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်ပုံချပြီး ဘာသာရေးအရ လှောင်ပြောင်မှုတွေ လုပ်ရမယ့် အချိန်မဟုတ်ပါဘူး။ ဒီရောဂါက လူမျိုး ဘာသာ အရောင် လူတန်းစားဘာမှမခွဲဘူး ဖြစ်ရင်အကုန်ဖြစ်ကြပါမှာ။ အဓိကကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေပြီဆိုတာသိရင် အနေအထိုင်အသွားအလာ အထူး သတိရှိကြပါ။

လက်ကိုခနခနဆေးပါ mask အုပ်ပါ ကျန်းမာအောင်နေပါ စည်းကမ်းလိုက်နာပါ” ဆိုပြီး သူမရဲ့ လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ တစ်ယောက်အပေါ် တစ်ယောက်အပြစ်ပုံချပြီး လှောင်ပြောင်ပြောဆိုနေရမယ့် အချိန်မဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်မှာ နေထိုင်သွားလာမှုတွေကို သတိရှိကြဖို့ကို တိုက်တွန်းပြောဆိုလာတာ ပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း စမိုင်းလ်ကို ချစ်ခင်အားပေးရင် သူမပြောသလိုပဲ နေထိုင်မယ်လို့ မျှော်လင့်ပါတယ်နော်.. ။
Source: စမိုင်းလ် Smile’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!