

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သင်္ကြန်ရေနဲ့ ပထမဆုံးထိတွေ့ဖူးပြီး သဘောကျမဆုံးဖြစ်နေတဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာ

စိုးညီအစ်မတွေထဲက တစ်ယောက်ဖြစ်တဲ့ အဆိုတော် စန္ဒီမြင့်လွင်က (၂၀၁၈)ခုနှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေး ခင်လင်းထင် (Treasure) ဆိုတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာတော့ စန္ဒီမြင့်လွင်တို့ မိသားစုက အိမ်မှာပဲ ပျော်ပျော်ပါးပါးသင်္ကြန်ကျခဲ့ပြီး ခင်လင်းထင်လေးကလည်း သင်္ကြန်ရေဆော့ရင်း ပျော်ရွှင်ကြောင်းကို မေမေ စန္ဒီမြင့်လွင်က ပြောပြထားပါတယ်။

“ဒီနေ့ညနေ အိမ်မှာပဲ သကြင်္န်ကျလိုက်တယ်။ ထရက်ရှာအရမ်းပျော်နေတယ်နော်သူအပျော်ဆုံး။ ဒီနေ့ထရက်ရှာကိုးလပြည့်ပါပီရှင့်။ ပုံတွေကများလို့အောက်ဆုံးအထိသာဆက်ကြည့်ပါတော့။” ဆိုပြီး သမီးလေး ထရက်ရှာရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။ ပရိသတ်တွေအတွက် ထရက်ရှာရဲ့ ရေကစားနေတဲ့ ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ထရက်ရှာလေးကတော့ သူ့ရဲ့ ပထမဦးဆုံးအကြိမ်ကြုံရတဲ့ သင်္ကြန်ပွဲလေးကို တော်တော်လေး ပျော်ရွှင်နေပုံပါပဲ။ ထရက်ရှာလေး (၉) လပြည့်မှစပြီး နောက်နှစ်ပေါင်းများစွာတိုင် အခုလိုလေး ဖေဖေ၊ မေမေနဲ့ အမြဲတမ်းပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Source: Sandy Myint Lwin’s fb
Bilie – Cele Connections

error: Alert: Content is protected !!