

 

 


 


 

 

Source: Htoo Khant’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သင်္ကြန်အပြင်မထွက်ပဲ သူ့လို ရေကန်လေးတွေဝယ်ပြီး အိမ်မှာပဲရေစိမ်ဖို့ အကြံပေးလာတဲ့ ရွှေထူး

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရွှေထူးက သူ့ရဲ့ တေးသီချင်းတွေနဲ့သာ အောင်မြင်ရုံမကပဲ နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေကိုပါ ရိုက်ကူးလာပြီး ပိုမိုကျော်ကြားလာတာ ဖြစ်ပါတယ်။ ရွှေထူးက မင်းသမီးချော ရွှေမှုံရတီနဲ့ အိမ်ထောင်ကျပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားသလို နေ့ရက်တိုင်းကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေသူတစ်ယောက်လို့ဆိုလည်း မမှားပါဘူး။

ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာတော့ ရွှေထူးက အိပ်ယာနိုးနိုးချင်း သူ့ရဲ့ ပရိသတ်တွေအတွက် Live လေးလွှင့်ပြီး နှုတ်ဆက်စကားလေး ပြောထားပေးပါတယ်။ ရွှေထူးက သူ့ရဲ့ ပရိသတ်တွေကို အပြင်မထွက်ပဲ အိမ်မှာပဲ ပျော်စရာတွေဖန်တီးဖို့အခုလို ပြောထားတာ ဖြစ်ပါတယ်။

ရွှေထူးလည်း အိမ်မှာပဲ သင်္ကြန်ရက်လေးတွေကို ကုန်ဆုံးနေသလို ပရိသတ်ကြီးလည်း အိမ်မှာပဲ မိသားစုနဲ့အတူတူ ပျော်စရာတွေ ဖန်တီးလို့ ရပါတယ်နော်။ အားလုံးပဲ ပျော်စရာကောင်းတဲ့ နှစ်သစ်မှာ ရောဂါဘယကင်းဝေးစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie – Cele Connections

error: Alert: Content is protected !!