

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

 

“သူ့အဖေကို ရည်စူးကာ ကောင်းမှုကုသိုလ်ခဲ့တဲ့ ဇေရဲထက်”

မြန်မာနိုင်ငံရဲ့နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ဇေရဲထက်နဲ့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဇေရဲထက်ကတော့ ဇာတ်ကားတိုင်းလိုလိုမှာ ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူရဲ့အချစ်ရေးဟာဆိုရင်တော့ သိပ်မကြာသေးခင်ကမှ ပရိသတ်တွေထံ Officialချပြခဲ့တာပဲဖြစ်ပါတယ်။

 

ဇေရဲထက်ကတော့ အိမ်မှာနေရင်း ဝါသနာပါရာ ချက်ပြုတ်ထားတဲ့ ဟင်းတွေရဲ့ပုံရိပ်လေးတွေနဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့ ဧပြီလ(၁၄)ရက်နေ့မှာတော့ ဇေရဲထက်က”ကွယ်လွန်သူ အဖေ (ဦးဝင်းမြင့်)အားရည်စူး၍ ကျန်ရစ်သူအမေ ဒေါ်စုစုလှိုင် မိသားစု မှ ကောင်းမှု့ယနေ့ယခု အဖေ့အတွက် ဆွမ်းတနပ်စာနဲ့ရဟန်းတို့အတွက်မရှိမဖြစ် ပရိက္ခရာ ရှစ်ပါး တို့ကို သားတို့မိသားစုမှ အဖေကောင်းရာမွန်ရာရောက်ဖို့အတွက် ကောင်းမှု့ကုသိုလ်ပြုလုပ်၏ဘုရား အဖေရောက်ရာနေရာမှာ အေးချမ်းပြီး ပျော်ရွှင်နေပါစေ ပြီးပြည့်စုံနေပါစေ ဘုန်းဘုန်းကိုအိမ်တိုင်ရာရောက်ပင့်ဖိတ် ပြီး ဒါနမပြုရတဲ့အတွက်လည်းဝမ်းနည်းမိပါတယ်။

 

ယနေ့ယခုပြုလုပ်အပ်သော ကုသိုလ်ကောင်းမှု့အစုစုတို့ကို့ (၇)ရက်သားသမီးအားလုံးရကြပါစေ ကျန်းမာကြ၍ ချမ်းသာကြပြီး လိုသောဆန္ဒတလုံးတဝရကြပါစေ အားလုံး အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓုသာဓုသာဓု ပါဘုရား”လို့ဆိုကာ သူ့အဖေအတွက် ကောင်းမှုကုသိုလ်လေးကို ပြုလုပ်ခဲ့တဲ့ အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဇေရဲထက်အတွက် သာဓုခေါ်ပေးခဲ့ကြပါအုံးနော်။

Soure…Zay Ye Htet’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!