“သဘင္သမား(၁၉၀၀၀)ေက်ာ္အတြက္ လွဴဒါန္းမႈျပဳလုပ္နိုင္ဖို႕ အစည္းအရံုးက ေငြအျပင္သူ႕ရဲ႕ ကိုယ္ပိုင္ေငြေၾကးကိုပါ ထည့္သြင္းလွဴဒါန္းသြားမယ္ ဆိုတဲ့ ဖိုးခ်စ္”

သဘင္အစည္းအရံုး ဥကၠဌ ဇာတ္မင္းသား ဖိုးခ်စ္ကိုေတာ့ Cele Connecitons ပရိ္သတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ဇာတ္သဘင္ကုိ ခ်စ္ျမတ္နိုးၿပီး အနုပညာကို နွစ္သက္တဲ့ စိတ္နဲ႕ ဖိုးခ်စ္ ဇာတ္သဘင္ကို ဦးေဆာင္ေနၿပီး ဇာတ္သဘင္အစည္းအရံုးရဲ႕ ဥကၠဌရာထူးကို ထိုက္ထိုက္တန္တန္ရရွိထားသူလည္း ျဖစ္ပါတယ္..။ ကိုယ္တိုင္လည္း တတ္နိုင္သေလာက္ လွဴဒါန္းမႈေတြကို ျပဳလုပ္သလို ဇာတ္သဘင္သမားေတြရဲ႕ အက်ိဳးကိုလည္း လုပ္ေဆာင္ေပးတတ္တဲ့ ဥကၠဌတစ္ေယာက္လို႕ ေျပာရင္မွားမယ္  မထင္ပါဘူးေနာ္..။

 

 

 

ဖိုးခ်စ္ကေတာ့ လက္ရွိ ပ်ံ႕နွံ႕ေနတဲ့ ဗိုင္းရပ္စ္ပိုးေၾကာင့္ အခက္အခဲျဖစ္ရၿပီး ဖာတ္ေတြကို ကေနၾကဆဲျဖစ္တဲ့ ဇာတ္သဘင္ေတြကို တားခဲ့ေပမယ့္ ခိုးက ေနၾကတဲ့ အေပၚ ဧၿပီလ (၁၃)ရက္ေန႕မွာေတာ့ သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွ တစ္ဆင့္ ေရးသားတင္လာခဲ့ပါတယ္..။ အခက္အခဲေၾကာင့္ဆိုတာ နားလည္ေပမယ့္ မိသားစုကိုပါ ကူးစက္မႈေတြျဖစ္လာမွာစိုးလို႕ အမုန္းခံ တားျမစ္ေနရၿပီး သဘင္သမား (၁၉၀၀၀)ေက်ာ္ကို လွဴဒါန္းဖို႕အတြက္ကိုလည္း လုပ္ေဆာင္ေနတဲ့ အေၾကာင္းကို ေရးသားတင္လာခဲ့တာပဲျဖစ္ပါတယ္..။

 

 

 

မလုံေလာက္နိုင္တဲ့ ဗဟိုေငြရဲ႕ ေကာက္ခံရရွိမႈေတြေၾကာင့္ သူ႕ရဲ႕ မႏၱလာမင္းက ဆုခ်ီးျမင့္ထားတဲ့ ကားကို ဘဏ္မွာ ေခ်းငွားစနစ္နဲ႕ထားၿပီး ရရွိတဲ့ ေငြနဲ႕ လွဴဒါန္းသြားမယ့္အေၾကာင္းကိုလည္း ေျပာျပလာခဲ့ပါတယ္..။ အတတ္နိုင္ဆံုး အိမ္မွာပဲ ေနထိုင္နိုင္ဖို႕အတြက္ သူကုိယ္တိုင္နဲ႕ ဗဟိုအစည္းအရံုးကေန လွဴဒါန္းမႈေတြကို ျပဳလုပ္ဖို႕ စီစဥ္ၿပီးေနၿပီျဖစ္တဲ့ အေၾကာင္းကို တင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။Cele Connections ပရိသတ္ႀကီးလည္း သဘင္သမားေတြရဲ႕ အက်ိဳးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနတဲ့ သဘင္ဥကၠဌ ဖိုးခ်စ္ကို အားေပးရင္ မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ၾကပါဦးေနာ္..။
Source: Phoe Chit’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“သဘင်သမား(၁၉၀၀၀)ကျော်အတွက် လှူဒါန်းမှုပြုလုပ်နိုင်ဖို့ အစည်းအရုံးက ငွေအပြင်သူ့ရဲ့ ကိုယ်ပိုင်ငွေကြေးကိုပါ ထည့်သွင်းလှူဒါန်းသွားမယ် ဆိုတဲ့ ဖိုးချစ်”

သဘင်အစည်းအရုံး ဥက္ကဌ ဇာတ်မင်းသား ဖိုးချစ်ကိုတော့ Cele Connecitons ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဇာတ်သဘင်ကို ချစ်မြတ်နိုးပြီး အနုပညာကို နှစ်သက်တဲ့ စိတ်နဲ့ ဖိုးချစ် ဇာတ်သဘင်ကို ဦးဆောင်နေပြီး ဇာတ်သဘင်အစည်းအရုံးရဲ့ ဥက္ကဌရာထူးကို ထိုက်ထိုက်တန်တန်ရရှိထားသူလည်း ဖြစ်ပါတယ်..။ ကိုယ်တိုင်လည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေကို ပြုလုပ်သလို ဇာတ်သဘင်သမားတွေရဲ့ အကျိုးကိုလည်း လုပ်ဆောင်ပေးတတ်တဲ့ ဥက္ကဌတစ်ယောက်လို့ ပြောရင်မှားမယ် မထင်ပါဘူးနော်..။

 

 

 

ဖိုးချစ်ကတော့ လက်ရှိ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် အခက်အခဲဖြစ်ရပြီး ဖာတ်တွေကို ကနေကြဆဲဖြစ်တဲ့ ဇာတ်သဘင်တွေကို တားခဲ့ပေမယ့် ခိုးက နေကြတဲ့ အပေါ် ဧပြီလ (၁၃)ရက်နေ့မှာတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှ တစ်ဆင့် ရေးသားတင်လာခဲ့ပါတယ်..။ အခက်အခဲကြောင့်ဆိုတာ နားလည်ပေမယ့် မိသားစုကိုပါ ကူးစက်မှုတွေဖြစ်လာမှာစိုးလို့ အမုန်းခံ တားမြစ်နေရပြီး သဘင်သမား (၁၉၀၀၀)ကျော်ကို လှူဒါန်းဖို့အတွက်ကိုလည်း လုပ်ဆောင်နေတဲ့ အကြောင်းကို ရေးသားတင်လာခဲ့တာပဲဖြစ်ပါတယ်..။

 

 

မလုံလောက်နိုင်တဲ့ ဗဟိုငွေရဲ့ ကောက်ခံရရှိမှုတွေကြောင့် သူ့ရဲ့ မန္တလာမင်းက ဆုချီးမြင့်ထားတဲ့ ကားကို ဘဏ်မှာ ချေးငှားစနစ်နဲ့ထားပြီး ရရှိတဲ့ ငွေနဲ့ လှူဒါန်းသွားမယ့်အကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်..။ အတတ်နိုင်ဆုံး အိမ်မှာပဲ နေထိုင်နိုင်ဖို့အတွက် သူကိုယ်တိုင်နဲ့ ဗဟိုအစည်းအရုံးကနေ လှူဒါန်းမှုတွေကို ပြုလုပ်ဖို့ စီစဉ်ပြီးနေပြီဖြစ်တဲ့ အကြောင်းကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။Cele Connections ပရိသတ်ကြီးလည်း သဘင်သမားတွေရဲ့ အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ သဘင်ဥက္ကဌ ဖိုးချစ်ကို အားပေးရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ကြပါဦးနော်..။
Source: Phoe Chit’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!