စိုးမြတ်နန္ဒာပြောသလိုပဲ Covid -19 ရောဂါကို ဘယ်သူမှမဖြစ်ချင်တဲ့အတွက်   ပရိသတ်ကြီးအနေနဲ့ လူစုလူဝေးရှောင်ရှားပြီး အိမ်မှာပဲနေခြင်းအားဖြင့် မိမိကိုယ်တိုင်ကိုရော၊ မိမိချစ်တဲ့သူတွေကိုရော ကူညီနိုင်ကြပါစေနော်။
ယူနီကုဒ်ဖြင့်ဖတ်ရန်၏
မျိုးကြီးရဲ့သီချင်းလေးနားထောင်ပြီး ဘာသာရေးနဲ့ပတ်သတ်ပြီး ထိခိုက်မပြောသင့်ဘူးလို့ တွေးမိကြောင်းပြောလာတဲ့ စိုးမြတ်နန္ဒာ
နိုင်ငံကျော် အဆိုတော် မျိုးကြီး Covid -19 ရောဂါကူးစက်ခံရတယ်ဆိုတဲ့ သတင်းက ပရိသတ်တွေကိုသာမက အနုပညာလောကကိုပါ လှုပ်လှုပ်ရှားရှားဖြစ်သွားစေတာ ဖြစ်ပါတယ်။ မျိုးကြီးက ဘာသာရေးပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး ရောဂါကူးစက်သွားတာမို့ ပြည်သူတွေအနေနဲ့ ဝေဖန်မှုတွေ ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုးမြတ်နန္ဒာကလည်း မျိုးကြီးရဲ့သီချင်းတစ်ပုဒ်ကို နားထောင်ပြီး သူမစိတ်ထဲဖြစ်ပေါ်လာတာတွေကို ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။
“ဒီသီချင်းလေး ခုမှနားထောင်မိပြီး အရမ်းကြိုက်တာပဲ။ Covid -19 ဖြစ်တာ ရှက်စရာလဲမဟုတ်၊ အပြစ်ပြောစရာလဲမရှိပါဘူး။ တစ်နေ့ ကိုယ်ရော မဖြစ်နိုင်ဘူးတဲ့လား ? ဒီလိုအချိန်တွေမှာ ဘာသာရေးနဲ့ပတ်သတ်ပြီး ထိခိုက်မပြောသင့်သလို ကပ်ဘေးကြီးသင့်နေတာမို့ ကုသိုလ်စိတ်လေးထားပြီး တစ်ယောက်နဲ့တစ်ယောက် ဖေးမစကားတွေပြောသင့်တယ်ထင်တာပါပဲ။ ဘယ်သူကတော့ ဖြစ်ချင်မှာလဲနော်။ လူစုလူဝေးနေရာတွေကို မသွားပါနဲ့ ။ အိမ်ထဲနေကြပါ။ ဘယ်အရာမှအကြာကြီးဖြစ်မနေပါဘူး ❤️” ဆိုပြီး အားပေးစကားလေး ပြောထားပါတယ်။
စိုမြတ်နန္ဒာပြောသလိုပဲ Covid -19 ရောဂါကို ဘယ်သူမှမဖြစ်ချင်တဲ့အတွက် ပရိသတ်ကြီးအနေနဲ့ လူစုလူဝေးရှောင်ရှားပြီး အိမ်မှာပဲနေခြင်းအားဖြင့် မိမိကိုယ်တိုင်ကိုရော၊ မိမိချစ်တဲ့သူတွေကိုရော ကူညီနိုင်ကြပါစေနော်။
Source: SOE MYAT NANDAR’s fb
Bilie – Cele Connections
error: Alert: Content is protected !!