

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ဗိုင်းရပ်စ်ကူးရတဲ့ တကယ့်အခြေအနေကို ပြောပြပြီး သတိပေးလိုက်တဲ့ ကျော်ကျော်ဗို”

အနုပညာကို ရူးသွပ်သူပြီး ပရိသတ်တွေဆီ အကောင်းဆုံးတွေကိုသာ ကြိုးစားချပြတတ်တဲ့ မင်းသား ကျော်ကျော်ဗိုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကျော်ကျော်ဗိုကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေ ရင်ထဲကပေးတဲ့ အကယ်ဒမီထူးချွန်ဆုကိုရော မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုကိုပါ သိမ်းပိုက်ထားတဲ့သူပဲဖြစ်ပါတယ်..။ ကာရိုက်တာအတွက် ကြိုးစား ပြောင်းလဲမှုတွေကို လုပ်ဆောင်ပြီး ပီပြင်အောင် သရုပ်ဆောင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် လို့ ပြောရင်မှားမယ် မထင်ပါဘူးနော်..။

ကျော်ကျော်ဗိုက လက်ရှိ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရောဂါအတွက် ပရိသတ်တွေအားလုံးလည်း သတိရှိ နေထိုင်ကြဖို့ ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှ တစ်ဆင့် တင်ကာ သတိပေးတိုက်တွန်းမှုတွေ ပြုလုပ်နေတာပါ…။ ဒီနေ့ ဧပြီလ (၁၄)ရက်နေ့မှာလည်း ကျော်ကျော်ဗိုက “Virus က နေရာတကာ လျှောက်သွားပြီးမကူးပါဘူး။ လူတွေကသယ်ပြီး လျှောက်သွားကြလို့သာ ကူးတာပါ။ StayAtHome .. အိမ်မှာနေပါ”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

လူစုလူဝေးရှောင်ကာ အိမ်မှာပဲ နေထိုင်ကြဖို့အတွက် သတိပေးမှုကို ထပ်မံပြောလာတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ကျော်ကျော်ဗိုပြောသလို အတတ်နိုင်ဆုံး အိမ်မှာပဲ နေထိုင်ခြင်းဖြင့် ကျန်းမာရွှင်လန်းတဲ့ ဘဝမျိုးကို   ပိုင်ဆိုင်နိုင်ကြပါစေနော်..။
Source: Kyaw Kyaw Bo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!