

 

 


 

 


 

 

Source: Ei Chaw Po’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေမမှတ်မိနိုင်လောက်တဲ့ မူလတန်းကျောင်းသူဘဝက ပုံရိပ်ဟောင်းလေးကို ချပြလာတဲ့ အိချောပို

စူစူလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြမယ် ထင်ပါတယ်။ အိချောပိုက အနုပညာပျိုးခင်းမှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေရိုက်ကူးကာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ လက်မလည်အောင် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိချောပိုပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတိုင်း ရုံပြည့်ရုံလျှံတဲ့အထိ အားပေးကြတာကို တွေ့ရပါတယ်။

ကိုယ်ရေးကိုယ်တာနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပြောပြလေ့မရှိတဲ့ အိချောပိုက ဒီနေ့မှာတော့ သူမ မူလတန်းကျောင်းသူဘဝက ပုံလေးတစ်ပုံကို မျှဝေထားပါတယ်။ အိချောပိုက ငယ်ငယ်က မျက်နှာလေးနဲ့ လုံးဝမတူပဲ ဘယ်သူက သူမဖြစ်မလဲဆိုတာကို ပရိသတ်တွေကို မေးခွန်းထုတ်ထားပါတယ်။

အိချောပိုက အနုပညာလုပ်ငန်းတွေ ရပ်နားထားတဲ့ခဏမှာ ပရိသတ်တွေ အမှတ်တရကြည့်ရအောင် သူမရဲ့ ပုံရိပ်လေးကို မျှဝေထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဘယ်သူလေးက အိချောပိုဖြစ်မလဲဆိုတာကို ဖြေပေးခဲ့ကြပါဦး။

Source: Ei Chaw Po’s fb
Bilie – Cele Connections

error: Alert: Content is protected !!