

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

 

“တစ်ယောက်သောသူကို စိတ်ပူကာ ကျန်းမာရေးဂရုစိုက်ဖို့ တိုက်တွန်းလိုက်တဲ့ မေမီကိုကို”

 

 

MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “အရိပ်”ဇာတ်လမ်းတွဲတွေ နယ်လီချိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး မေမီကိုကိုနဲ့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ မေမီကိုကိုကတော့ ဇာတ်ကားတိုင်းလိုလို ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမကို အားပေးချစ်ခင်တဲ့ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။

 

ကိုရိုနာကြောင့် အိမ်မှာနားနေစဉ် အမှတ်တရပုံရိပ်လေးတွေနဲ့ အပျင်းပြေ tik tokလေးဆော့ကာ tik tokဗီဒီယိုဖိုင်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ မေမီကိုကိုကတော့ “မင်းဘက်က ကျန်းမာရေးကိုသာဂရုစိုက် ….အလွမ်းပြေဖို့ ပုံတင်တာ ကိုယ့်တာဝန်ထား “လို့ဆိုကာ သူမရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ကာတင်ပေးလိုက်တာပါပဲနော် ပရိသတ်ကြီးတို့ရေ။

CeleConnectionsပရိသတ်တွေအတွက် မေမီကိုကိုရဲ့ အမိုက်စားကပ်ပရှင်းလေးနဲ့ ပုံရိပ်လေးတွေကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း မေမီကိုကို   အားပေးတယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure…. May Mi Ko Ko’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!