

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ညဆိုကိုရိုနာနဲ့ပတ်သက်တဲ့ သတင်းတွေကြောင့် အိပ်မပျော်ဘူးဆိုတဲ့ တိုင်ရွန်”

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မော်ဒယ်မင်းသားချောလေးတိုင်ရွန်ကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ တိုင်ရွန်ကတော့ MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “တစစ်တမက် ကိုယ်နဲ့သက်ကို”ဇာတ်ကားထဲတွင်လည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုရရှိထားတာပဲဖြစ်ပါတယ်။ သူဟာဆိုရင် ကိုရီယားမင်းသားတွေလို စတိုင်ကျကျနေတဲ့သူဆိုလည်းမမှားလောက်ပါဘူးနော်။

 

တိုင်ရွန်ကတော့ Gym ဆော့တာဝါသနာပါတာကြောင့် အိမ်မှာနေရင်းနဲ့ gym ပစ္စည်းကိရိယာများနဲ့ဆော့လေ့ရှိတဲ့ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုရိုနာနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့် တိုင်ရွန်က”ညဆို အိပ်မပျော် ရင်ထဲမှာအပူ တွေနဲ့ မြန်မာပြည်ကြီး ညပျောက်လေပြီ”ဆိုကာ သူရဲ့ ခံစားချက်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုရိုနာရဲ့ သတင်းတွေကြောင့် ရင်ထဲမှာ အပူတွေနဲ့ ညဆိုအိပ်မပျော်တော့တဲ့ အကြောင်းကို တင်လိုက်တာပါပဲနော်။

 

CeleConnections ပရိသတ်တွေအတွက် တိုင်ရွန်ရဲ့ ခံစားချက်လေးကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း သတင်းတွေဖတ်ပြီး တိုင်ရွန်လိုဘဲ အိပ်မပျော်လောက်ဘူးထင်ပါတယ်။

Soure…. Tyron Bejay’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!