

 

 


 

 


 

 

 

Source : JhonLwin
Candy – Cele Connection
ယူနီကုတ်ဖြင့်ဖတ်ရန်

” စိတ်ကျန်းမာရေးဆေးရုံ သွားပြရမှာဖြစ်ပေမယ့် သတင်းတွေဖတ်ကာ အိပ်မရဖြစ်နေတဲ့ သူမရဲ့ဆရာဂျွန်လွင်ကို အားပေးစကားပြောလိုက်တဲ့ မေမြင့်မိုရ် ”

CeleConnections ပရိသတ်ကြီးရေ မေမြင့်မိုရ်ကတော့ အမျိုးသား ပရိသတ်တွေရဲ့သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကိုခံရတဲ့သူပဲ ဖြစ်ပါတယ်။ ဘယ်သူနဲ့မှမတူတဲ့ တမူထူးခြားတဲ့ မျက်နှာပေါက်လေးနဲ့ ကျရာဇာတ်ကောင်ကို အကောင်းဆုံးနဲ့ ပရိသတ်တွေရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်တဲ့ သူဖြစ်တာကြောင့် အနုပညာလောကမှာ နေရာရ အောင်မြင်လာသူလေးပဲ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါရိုက်ကူးလာသူလေးပဲ ဖြစ်ပါတယ်။ မေမြင့်မိုရ်တစ်ယောက်ကတော့ Stay Home ကာလမှာ ပရိသတ်တွေကို အိမ်မှာပဲနေဖို့တိုက်တွန်းကာ သူမရဲ့ အိမ်မှာ ပြုလုပ်တဲ့ လှုပ်ရှားမှုတွေကို ပရိသတ်တွေ သိအောင်ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မေမြင့်မိုရ်ကတော့ လူကြီးမိဘဆရာသမားတွေကို ရိုသေကိုင်းရှိုင်းကာ လေးစားဂရုစိုက်တတ်တဲ့ မင်းသမီးလေးဆိုလည်းမမှားပါဘူးနော်။ လက်ရှိမှာလည်း ” ငါအမြန်အိပ်တော့မယ်သတင်းတွေဖတ်ပြီးအိပ်မရမနက်ဖန်စိတ်ကျန်းမာရေးဆေးရုံ းသွားစရာရှိလို့ပါ
Good night nawSee u in စိတ်ကျန်းမာရေးဆေးရုံ ” ဆိုတဲ့စာလေးတင်ထားခဲ့ကာ Covid19 နဲ့ပတ်သက်ပြီး သတင်းတွေဖတ်ကာ အိပ်မရဖြစ်ကာစိတ်ပူနေတဲ့ ဆရာဂျွန်လွင်ကို အိပ်ပျော်အောင် အိပ်ဖို့ တိုက်တွန်းတဲ့ မှတ်ချက်လေးပေးခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections့ပရိသတ်ကြီးလည်း ဆရာသမားတွေကိုလေးစားဂရုစိုက်တတ်တဲ့ မေမြင့်မိုရ်လေးကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : JhonLwin
Candy – Cele Connection

 

error: Alert: Content is protected !!