

 

 


 

 


Soure….G-fatt’s Facebook
ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကိုဗစ်ကြီးပြီးရင် ချစ်ရတဲ့မိသားစုတွေနဲ့ အတူ တောင်တန်းတွေကို သွားစေချင်တယ်ဆိုတဲ့ G-fatt”

မြန်မာနိုင်ငံရဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ G-fatt ကိုတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ G-fattကတော့ ခံစားချက်တွေနဲ့ သက်ဆိုင်တဲ့သီချင်းတွေကို ကိုယ်တိုင်ရေးစပ်ပြီ သီဆိုလေ့ရှိတဲ့ အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူရဲ့ သီချင်းတိုင်းဟာဆိုရင် ပရိသတ်တွေရဲ့ ရင်ထဲထိကို စွဲစေမယ့် သီချင်းလေးတွေပဲဖြစ်ပါတယ်။

 

ကိုရိုနာရောဂါတွေကြောင့် အိမ်မှာနားနေစဉ် သီချင်းသစ်လေးတွေထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတဲ့သူတစ်ဦးပါ။ သူရဲ့အချစ်ရေးကတော့ သိပ်မကြာခင်ကမှ ကံခေထားတာကြောင့် အလွမ်းဆွေးစာလေးတွေကို ရေးပြီးတင်လေ့ရှိပါတယ်။ ဒီနေ့ ဧပြီလ(၁၄)ရက်နေ့မှာတော့ G-fattက”ဒီကပ်ဆိုးကြီးပြီးတဲ့အခါ ကမ်းခြေတစ်ခုဆီ ခရီးထွက်ပြီး ပင်လယ်ကိုတစ်ဝကြီး ငေးမယ်။ချစ်တဲ့ တောင်တန်းတွေဆီ မိသားစုနဲ့ ခရီးထွက်ချင်တယ်။လွမ်းရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ဖက်လဲတကင်းနှုတ်ဆက်မယ် ။ပရိတ်သတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဖို့ စီစဉ်မယ် ။Show တွေမှာ ပျော်ရွှင်ဖွယ် သီချင်းတွေ ကိုရွေးချယ်သီဆိုရင်း ကခုန်ကြမယ်။နေဝင် ချိန် နဲ့ တိမ်တွေကို ငေးဖို့ အချိန်ပိုပေးမယ်။အလုပ်တွေ အစက ပြန်ကြိုးစားမယ်”လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

 

CeleConnections ပရိသတ်တွေအတွက် G-fattက ဒီကပ်ဆိုးကြီး ပြီးရင် သင်ရော ဘာတွေလုပ်ဖို့ စိတ်ကူးထားလဲဆိုတဲ့ မေးခွန်းလေးကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ G-fattကတော့ ကပ်ဆိုးကြီးအမြန်ပြီးပါစေ၊ချစ်သောနိုင်ငံလေးအမြန်ကျန်းမာပါစေ ကမ္ဘာကြီးငြိမ်းချမ်းပါစေ။ချစ်သောမြေပုံလေးအရင်လိုပြန်လည်ပါတ်နိုင်ပါစေ လို့ ပရိသတ်တွေအတွက် ဆုမွန်တောင်းပေးလိုက်တာပါပဲနော်။

Soure….G-fatt’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!